
0
294




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပြ မော်ရင်ဟိုကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် စုံစမ်းစစ်ဆေးမယ်

မန်ယူနည်းပြ မော်ရင်ဟိုဟာ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲမှာ ကွင်းဘေးက ဒိုင်လူကြီးကို ဝေဖန် တိုက်ခိုက်မှုလုပ်ခဲ့လို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရပါတယ်။

ရုပ်သံပြကွက်ထဲမှာ မော်ရင်ဟိုဟာ ကွင်းဘေးနားမှာနေပြီး သူရဲ့မိခင် ဘာသာစကားဖြစ်တဲ့ ပေါ်တူဂီ စကားနဲ့ ဒိုင်လူကြီးကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မန်ယူအသင်းဟာ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့ရာ ၄ ပွဲဆက်တိုက် အနိုင်မရမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က လာမယ့်ရက်ပိုင်းမှာ မော်ရင်ဟိုကို စုံစမ်းစစ်ဆေးမှု လုပ်မယ်လို့ အတည်ပြုခဲ့ပါတယ်။

?bph6