
0
104




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ့ဆုံ

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ စက်တင်ဘာ ၁၈ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ ပါတယ်။

ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယား ပြည်သူတွေဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့ တွေ့ဆုံချိန်မှာ ကိုရီးယား ပေါင်းစည်းဖို့ ကြွေးကြော်ခဲ့ပြီး ပန်းတွေနဲ့ ဝှေ့ယမ်း ကြိုဆိုခဲ့ပါ တယ်။

ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးတွေ့ဆုံပွဲအတွင်း နျူကလီယား ဖျက်သိမ်းရေးနဲ့ ကိုရီးယားစစ်ပွဲ တရားဝင် ပြီးဆုံးရေးကို အဓိကထား ဆွေးနွေးဖွယ်ရှိပါတယ်။ တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယား ပြုံးယမ်းလေဆိပ်ကို ရောက်ရှိချိန်မှာ မြောက်ကိုရီးယား ပြည်သူတွေက ကြိုဆိုနုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုမှုကို ခံယူခဲ့ပါတယ်။

?bph6