မုန္တုိင္းတိုက္ခတ္မႈေၾကာင့္ ဖိလစ္ပိုင္မွာ အိမ္အမ်ားျပား ပ်က္စီး

0
186

ဖိလစ္ပိုင္ႏုိင္ငံမွာ အင္အားျပင္း တုိက္ဖြန္းမုန္တုိင္း တိုက္ခတ္မႈေတြေၾကာင့္ ဖိလစ္ပိုင္ေျမာက္ပိုင္းရွိ ေနအိမ္ေတြ ပ်က္စီးခဲ့ရပါတယ္။

တုိက္ဖြန္းမုန္တုိင္း Mangkhut နဲ႔အတူ ေလတုိက္ႏႈန္း ျပင္းထန္ခဲ့ၿပီ းမုိး ၾကီးခဲ့ပါတယ္။ တာဂူအီဂါရာအိုၿမိဳ႕ရွိ အေဆာက္ဦး အမ်ားျပားပ်က္စီးခဲ့တယ္လို႔ ဖိလစ္ပိုင္အစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။ မုန္တုိင္းေၾကာင့္ ေသဆံုးဒဏ္ရာရသူစာရင္းကို ထုတ္ျပန္တာ မရွိေသးပါဘူး။

မုန္တုိင္းဟာ တစ္နာရီေလတိုက္ႏႈန္း ၁၈၅ ကီလိုမီတာႏႈန္းနဲ႔ တုိက္ခတ္ခဲ့ၿပီး မုန္တုိင္းဒဏ္ကို လူေပါင္း ၄ သန္း ေတြ႕ၾကံဳရဖြယ္ရွိေနပါတယ္။ မုန္တုိင္းဟာ ဖိလစ္ပိုင္မွတဆင့္ တ႐ုတ္ႏိုင္ငံကို ဆက္လက္တုိက္ခတ္ဖြယ္ရွိေန တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်မှာ အိမ်အများပြား ပျက်စီး

ဖိလစ်ပိုင်နိုင်ငံမှာ အင်အားပြင်း တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်မှုတွေကြောင့် ဖိလစ်ပိုင်မြောက်ပိုင်းရှိ နေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။

တိုက်ဖွန်းမုန်တိုင်း Mangkhut နဲ့အတူ လေတိုက်နှုန်း ပြင်းထန်ခဲ့ပြီ းမိုး ကြီးခဲ့ပါတယ်။ တာဂူအီဂါရာအိုမြို့ရှိ အဆောက်ဦး အများပြားပျက်စီးခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် သေဆုံးဒဏ်ရာရသူစာရင်းကို ထုတ်ပြန်တာ မရှိသေးပါဘူး။

မုန်တိုင်းဟာ တစ်နာရီလေတိုက်နှုန်း ၁၈၅ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး မုန်တိုင်းဒဏ်ကို လူပေါင်း ၄ သန်း တွေ့ကြုံရဖွယ်ရှိနေပါတယ်။ မုန်တိုင်းဟာ ဖိလစ်ပိုင်မှတဆင့် တရုတ်နိုင်ငံကို ဆက်လက်တိုက်ခတ်ဖွယ်ရှိနေ တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။