
0
98




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်သာလန်မှာ ရုရှား သူလျှို နှစ်ဦး ဖမ်းမိ

ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေနဲ့ ဗြိတိန်နိုင်ငံ ဆလစ်ဘာရီ အဆိပ်ခပ်မှုတို့ကို စုံစမ်းစစ်ဆေးရေး ကူညီနေတဲ့ ဆွစ်ဇာလန် ဓာတ်ခွဲခန်းတစ်ခုက အချက်အလက်တွေကို ခိုးယူဖို့ ကြိုးစားတဲ့ ရုရှား သူလျှို နှစ်ဦးကို နယ်သာလန်နိုင်ငံမှာ ဖမ်းဆီးလိုက်ပါတယ်။

ရုရှားသူလျှိုတွေကို ထိန်းသိမ်းထားပြီး ရုရှားကို ပြန်ပို့မှာ ဖြစ်ကြောင်း၊ ဖမ်းမိခဲ့တဲ့ သူတွေရဲ့ အမည်နဲ့ ဖမ်းဆီးခဲ့တဲ့ ရက်အတိအကျကိုတော့ မသိရကြောင်း နယ်သာလန်နဲ့ ဆွစ်ဇာလန် သတင်းစာတွေက ဖော်ပြပါတယ်။

စပစ် ဓာတ်ခွဲခန်းက အချက်အလက်တွေ ခိုးယူဖို့ ရုရှား သူလျှို နှစ်ဦးဟာ နယ်သာလန်ကနေ ဆွစ်ဇာလန်ကို သွားဖို့ ပြင်ဆင်နေစဉ် အဖမ်းခံရတာ ဖြစ်ပါတယ်။ စပစ် ဓာတ်ခွဲခန်းကို ရုရှား ဟက်ကာတွေကလည်း ပစ်မှတ်ထားခဲ့ပါတယ်။

?bph6