ေျမာက္ကိုရီးယားကို ေထာက္ပံ့တဲ့ ကုမၸဏီေတြကို အေမရိကန္ ပိတ္ဆုိ႔အေရးယူ

0
42

အေမရိကန္ႏိုင္ငံက ေျမာက္ကိုရီးယားကို ေငြေၾကးေထာက္ပံ့ေပးေနတဲ့ တ႐ုတ္ အေျခစိုက္ နည္းပညာ ကုမၸဏီနဲ႔ ႐ုရွား ကုမၸဏီတုိ႔ကို ပိတ္ဆို႔အေရးယူမႈေတြ လုပ္ခဲ့ပါတယ္။

ကုလသမဂၢရဲ႕ ပိတ္ဆုိ႔မႈေတြကို ခ်ဳိးေဖာက္ကာ ေျမာက္ကိုရီးယားကို ေထာက္ပံ့ေနတဲ့ ႐ုရွားနဲ႔ တ႐ုတ္နည္းပညာ ကုမၸဏီကို ပိတ္ဆုိ႔အေရးယူခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္ႏုိင္ငံ အေျခစိုက္ ယန္ဘိန္ ေဆးလ္ဗားစတား ကုမၸဏီနဲ႔ ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္၊ ႐ုရွား အေျခစိုက္ မိတ္ဖက္ကုမၸဏီ ျဖစ္တဲ့ ဗိုလာဆီ ေဆးလ္ဗားစတား ကုမၸဏီတုိ႔ကို ပိတ္ဆုိ႔အေရးယူခဲ့တာ ျဖစ္ပါတယ္။

`ေျမာက္ကိုရီးယား ႏုိင္ငံထဲကို တရားမဝင္လမ္းေၾကာင္းနဲ႔ ေငြေၾကးစီးဝင္ဖုိ႔ ႀကိဳးပမ္းခဲ့လို႔ ပိတ္ဆုိ႔မႈ လုပ္ခဲ့တာလို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး စတီဗင္ မႏုခ်င္က ေျပာပါတယ္။ ေျမာက္ကိုရီးယား အလုပ္သမားေတြကို နည္းပညာလုပ္ငန္းေတြမွာ အလုပ္မခန္႔ထားဖို႔ ကမာၻတဝွမ္းရွိ ကုမၸဏီေတြကို အေမရိကန္ ဘ႑ေရးဝန္ႀကီးဌာနက သတိေပးထားပါတယ္။ ေျမာက္ကိုရီးယား ႏုိင္ငံဟာ ကိုရီးယားကၽြန္းဆြယ္မွာ ႏ်ဴကလီးယား ဖ်က္သိမ္းဖို႔ ကတိေပးထားေပမယ့္ အေမရိကန္ကေတာ့ ေျမာက္ကိုရီးယားကို ပိတ္ဆုိ႔မႈေတြ ဆက္လက္ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို ထောက်ပံ့တဲ့ ကုမ္ပဏီတွေကို အမေရိကန် ပိတ်ဆို့အရေးယူ

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားကို ငွေကြေးထောက်ပံ့ပေးနေတဲ့ တရုတ် အခြေစိုက် နည်းပညာ ကုမ္ပဏီနဲ့ ရုရှား ကုမ္ပဏီတို့ကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ကာ မြောက်ကိုရီးယားကို ထောက်ပံ့နေတဲ့ ရုရှားနဲ့ တရုတ်နည်းပညာ ကုမ္ပဏီကို ပိတ်ဆို့အရေးယူခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အခြေစိုက် ယန်ဘိန် ဆေးလ်ဗားစတား ကုမ္ပဏီနဲ့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်၊ ရုရှား အခြေစိုက် မိတ်ဖက်ကုမ္ပဏီ ဖြစ်တဲ့ ဗိုလာဆီ ဆေးလ်ဗားစတား ကုမ္ပဏီတို့ကို ပိတ်ဆို့အရေးယူခဲ့တာ ဖြစ်ပါတယ်။

`မြောက်ကိုရီးယား နိုင်ငံထဲကို တရားမဝင်လမ်းကြောင်းနဲ့ ငွေကြေးစီးဝင်ဖို့ ကြိုးပမ်းခဲ့လို့ ပိတ်ဆို့မှု လုပ်ခဲ့တာလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနုချင်က ပြောပါတယ်။ မြောက်ကိုရီးယား အလုပ်သမားတွေကို နည်းပညာလုပ်ငန်းတွေမှာ အလုပ်မခန့်ထားဖို့ ကမ္ဘာတဝှမ်းရှိ ကုမ္ပဏီတွေကို အမေရိကန် ဘဏ္ဍရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ မြောက်ကိုရီးယား နိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ဖျက်သိမ်းဖို့ ကတိပေးထားပေမယ့် အမေရိကန်ကတော့ မြောက်ကိုရီးယားကို ပိတ်ဆို့မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

?bph6