ဗံုးခြဲဖို႔ စီစဥ္ေနတယ္လို႔ သံသယရွိသူ ဂ်ာမန္ ဆယ္ေက်ာ္သက္ကို ဖမ္းဆီး

0
41

ဂ်ာမနီႏိုင္ငံ ဖရန္႔ဖတ္ ဧရိယာမွာ IS အစၥလာမ္ စစ္ေသြးၾကြ အဖြဲ႔နဲ႔ ဆက္ႏြယ္ၿပီး ဗံုးခြဲတိုက္ခိုက္ဖို႔ စီစဥ္ေနတယ္လို႔ သံသယရွိသူ ဂ်ာမန္ ဆယ္ေက်ာ္သက္ကို ဖမ္းဆီးလိုက္ပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ လူငယ္ကို ဟက္ဆီ ျပည္နယ္ရဲတပ္ဖြဲ႔က စက္တင္ဘာ ၁ ရက္ေန႔မွာ ဖမ္းဆီးခဲ့တာ ျဖစ္ၿပီး ခ်ဳပ္ေႏွာင္ထားဖို႔ တရားသူႀကီးက ညႊန္ၾကားခဲ့တယ္လို႔ ဖရန္႔ဖတ္ အစိုးရေရွ႕ေနအဖြဲ႔ ေျပာခြင့္ရသူ ဆီနန္ အက္ဒိုဂန္က ေျပာပါတယ္။

ဖရန္႔ဖတ္ရွိ ေဂး ႏိုက္ကလပ္တစ္ခုနဲ႔ ဘာလင္ရွိ ကက္သလစ္ ဘုရားေက်ာင္းကို ဗံုးခြဲတိုက္ခိုက္ဖို႔ စီစဥ္ေနတယ္လို႔ အေမရိကန္က သတင္းေပးတဲ့အတြက္ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ဘာေၾကာင့္ ပစ္မွတ္ထားတယ္ ဆိုတာနဲ႔ သတင္းရရွိခဲ့တဲ့ ရင္းျမစ္ကိစၥကိုေတာ့ အက္ဒိုဂန္က ေျဖၾကားျခင္း မရွိဘဲ စံုစမ္းစစ္ေဆးေနဆဲ ျဖစ္တယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗုံးခွဲဖို့ စီစဉ်နေတယ်လို့ သံသယရှိသူ ဂျာမန် ဆယ်ကျော်သက်ကို ဖမ်းဆီး

ဂျာမနီနိုင်ငံ ဖရန့်ဖတ် ဧရိယာမှာ IS အစ္စလာမ် စစ်သွေးကြွ အဖွဲ့နဲ့ ဆက်နွယ်ပြီး ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ သံသယရှိသူ ဂျာမန် ဆယ်ကျော်သက်ကို ဖမ်းဆီးလိုက်ပါတယ်။

အသက် ၁၇ နှစ်အရွယ် လူငယ်ကို ဟက်ဆီ ပြည်နယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ချုပ်နှောင်ထားဖို့ တရားသူကြီးက ညွှန်ကြားခဲ့တယ်လို့ ဖရန့်ဖတ် အစိုးရရှေ့နေအဖွဲ့ ပြောခွင့်ရသူ ဆီနန် အက်ဒိုဂန်က ပြောပါတယ်။

ဖရန့်ဖတ်ရှိ ဂေး နိုက်ကလပ်တစ်ခုနဲ့ ဘာလင်ရှိ ကက်သလစ် ဘုရားကျောင်းကို ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်က သတင်းပေးတဲ့အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့် ပစ်မှတ်ထားတယ် ဆိုတာနဲ့ သတင်းရရှိခဲ့တဲ့ ရင်းမြစ်ကိစ္စကိုတော့ အက်ဒိုဂန်က ဖြေကြားခြင်း မရှိဘဲ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

?bph6