
0
59




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စပါး အဓိက ဂိုးသမား ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရဖွယ်ရှိ

စပါးဂိုးသမား လောရစ်ဟာ ပေါင်ခြံဒဏ်ရာ ပြဿနာကြောင့် သီတင်းပတ်ပေါင်း များစွာ အနားယူရဖွယ် ရှိပါတယ်။

ဂိုးသမား လောရစ်ဟာ ပေါင်ခြံဒဏ်ရာ ပြဿနာကြောင့် စပါးအသင်း စက်တင်ဘာ ၂ ရက်နေ့က ကစားခဲ့တဲ့ ပရီးမီယားလိဂ်ပွဲစဉ်ကို လွဲခဲ့သလို မိခင် ပြင်သစ်အသင်းရဲ့ ခြေစမ်းပွဲ နှစ်ပွဲစလုံးကို ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။ လောရစ်ဟာ အရက်သောက်ပြီး ကားမောင်းမှုကြောင့် လက်ရှိမှာ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်နေရပြီး အရက်မှုး ကားမောင်းမှုကြောင့် ပေါင် ၅ သောင်း ဒဏ်ရိုက်ခံရသလို ကားမောင်းခွင့် လ ၂၀ ပိတ်ပင်ခံထားရပါတယ်။

လောရစ်ဟာ စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းကလည်း ပြင်သစ်အသင်း ကမ္ဘာ့ဖလား ချန်ပီယံဖြစ်စေဖို့ လက်စွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။

?bph6