ရီးရဲမက္ဒရစ္ ေနာက္ခံလူ မာဆယ္လို ဆုိင္းငံ့ေထာင္ဒဏ္နဲ႔ ေငြဒဏ္ျပစ္ဒဏ္ေပးခံရ

0
56

ရီးရဲမက္ဒရစ္ ေနာက္ခံလူ မာဆယ္လုိဟာ အခြန္တိမ္းေရွာင္မႈေတြေၾကာင့္ ဆိုင္းငံ့ေထာင္ဒဏ္ ၄ လနဲ႔ ေငြဒဏ္ ယူ႐ို ၇ သိန္းခြဲ ျပစ္ဒဏ္ေပးခံရပါတယ္။

အသက္ ၃၀ အရြယ္ရွိ ေနာက္ခံလူဟာ ေထာင္ဒဏ္ က်ခံမွာ မဟုတ္ဘဲ ေထာင္ဒဏ္အစား ေငြဒဏ္ ေပးေဆာင္သြားဖြယ္ ရွိပါတယ္။ စပိန္ဥပေဒေတြမွာ ရာဇဝတ္မႈ ပထမဆံုးအႀကိမ္ က်ဴးလြန္သူဟာ ေထာင္ဒဏ္ အစား ေငြဒဏ္ေပးေဆာင္ဖုိ႔ ခြင့္ျပဳထားပါတယ္။

စပိန္ႏိုင္ငံမွာ ဘာစီလိုနာ တုိက္စစ္မွဴး မက္ဆီ၊ ရီးရဲမက္ဒရစ္ တုိက္စစ္မွဴးေဟာင္း စီေရာ္နယ္ဒုိ၊ ရီးရဲမက္ဒရစ္ နည္းျပေဟာင္း ေမာ္ရင္ဟုိတုိ႔ဟာ အခြန္တိမ္းေရွာင္မႈေၾကာင့္ ေထာင္ဒဏ္ အျပစ္ေပးခံရပါတယ္။ မာဆယ္လုိဟာ စပိန္မွာ ကစားေနတဲ့ နာမည္ေက်ာ္ ကစားသမားေတြထဲ အခြန္တိမ္းေရွာင္မႈေၾကာင့္ ဆိုင္းငံ့ေထာင္ဒဏ္ အျပစ္ေပးခံရတဲ့ ေနာက္ဆံုး ကစားသမားလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရီးရဲမက်ဒရစ် နောက်ခံလူ မာဆယ်လို ဆိုင်းငံ့ထောင်ဒဏ်နဲ့ ငွေဒဏ်ပြစ်ဒဏ်ပေးခံရ

ရီးရဲမက်ဒရစ် နောက်ခံလူ မာဆယ်လိုဟာ အခွန်တိမ်းရှောင်မှုတွေကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၄ လနဲ့ ငွေဒဏ် ယူရို ၇ သိန်းခွဲ ပြစ်ဒဏ်ပေးခံရပါတယ်။

အသက် ၃၀ အရွယ်ရှိ နောက်ခံလူဟာ ထောင်ဒဏ် ကျခံမှာ မဟုတ်ဘဲ ထောင်ဒဏ်အစား ငွေဒဏ် ပေးဆောင်သွားဖွယ် ရှိပါတယ်။ စပိန်ဥပဒေတွေမှာ ရာဇဝတ်မှု ပထမဆုံးအကြိမ် ကျူးလွန်သူဟာ ထောင်ဒဏ် အစား ငွေဒဏ်ပေးဆောင်ဖို့ ခွင့်ပြုထားပါတယ်။

စပိန်နိုင်ငံမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၊ ရီးရဲမက်ဒရစ် တိုက်စစ်မှူးဟောင်း စီရော်နယ်ဒို၊ ရီးရဲမက်ဒရစ် နည်းပြဟောင်း မော်ရင်ဟိုတို့ဟာ အခွန်တိမ်းရှောင်မှုကြောင့် ထောင်ဒဏ် အပြစ်ပေးခံရပါတယ်။ မာဆယ်လိုဟာ စပိန်မှာ ကစားနေတဲ့ နာမည်ကျော် ကစားသမားတွေထဲ အခွန်တိမ်းရှောင်မှုကြောင့် ဆိုင်းငံ့ထောင်ဒဏ် အပြစ်ပေးခံရတဲ့ နောက်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

?bph6