တူရကီရွိ အေမရိကန္သံ႐ံုး ေသနတ္နဲ႔ ပစ္ခတ္ခံရ

0
98

တူရကီႏိုင္ငံရွိ အေမရိကန္ သံ႐ံုး လံုၿခံဳေရးဂိတ္ကို ဒီေန႔ ၾသဂုတ္လ ၂၀ ရက္ မနက္အေစာပိုင္းမွာ ေသနတ္နဲ႔ ပစ္ခတ္ခံရမႈ ျဖစ္ပြားခဲ့ပါတယ္။

ကားအျဖဴတစ္စီးေပၚကေန ဂိတ္အမွတ္ ၆ ကို ေသနတ္နဲ႔ ၅ ခ်က္ေလာက္ ပစ္ခတ္သြားတာ ျဖစ္ပါတယ္။ လံုၿခံဳေရးဂိတ္ရဲ႕ ျပတင္းေပါက္မွန္တစ္ခ်ပ္ကို က်ည္ဆံ ထိမွန္ခဲ့ေပမယ့္ လူထိခိုက္ဒဏ္ရာရမႈ မရွိခဲ့ပါဘူး။ ရဲ႕က ပစ္ခတ္သြားတဲ့ ကားနဲ႔ သံသယရွိသူေတြကို  ရွာေဖြေနပါတယ္။

တူရကီမွာ မြတ္စလင္ ဘာသာေရး အစ္ေန႔ေၾကာင့္ အားလပ္ရက္ျဖစ္လို႔ သံ႐ံုးကို ပိတ္ထားခ်ိန္ ျဖစ္ပါတယ္။ တူရကီ အမ်ိဳးသားရဲတပ္ဖြဲ႔အေနနဲ႔ အခုျဖစ္ရပ္ကို အျမန္ဆံုး တံု႔ျပန္လို႔ ေက်းဇူးတင္ေၾကာင္း သံ႐ံုးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အေမရိကန္ တရားေဟာဆရာကို ဖမ္ထားမႈနဲ႔ ပတ္သက္လို႔ အျပန္အလွန္ ကုန္သြယ္ေရး ကင္းလြတ္ခြင့္ေတြ ပယ္ဖ်က္တဲ့အထိ တူရကီနဲ႔ အေမရိကန္ၾကား တင္းမာေနပါတယ္။  

>>>>>>>>>>>>>>>>>>>>>>

တူရကီရှိ အမေရိကန်သံရုံး သေနတ်နဲ့ ပစ်ခတ်ခံရ

တူရကီနိုင်ငံရှိ အမေရိကန် သံရုံး လုံခြုံရေးဂိတ်ကို ဒီနေ့ သြဂုတ်လ ၂၀ ရက် မနက်အစောပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ကားအဖြူတစ်စီးပေါ်ကနေ ဂိတ်အမှတ် ၆ ကို သေနတ်နဲ့ ၅ ချက်လောက် ပစ်ခတ်သွားတာ ဖြစ်ပါတယ်။ လုံခြုံရေးဂိတ်ရဲ့ ပြတင်းပေါက်မှန်တစ်ချပ်ကို ကျည်ဆံ ထိမှန်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ရဲ့က ပစ်ခတ်သွားတဲ့ ကားနဲ့ သံသယရှိသူတွေကို ရှာဖွေနေပါတယ်။

တူရကီမှာ မွတ်စလင် ဘာသာရေး အစ်နေ့ကြောင့် အားလပ်ရက်ဖြစ်လို့ သံရုံးကို ပိတ်ထားချိန် ဖြစ်ပါတယ်။ တူရကီ အမျိုးသားရဲတပ်ဖွဲ့အနေနဲ့ အခုဖြစ်ရပ်ကို အမြန်ဆုံး တုံ့ပြန်လို့ ကျေးဇူးတင်ကြောင်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန် တရားဟောဆရာကို ဖမ်ထားမှုနဲ့ ပတ်သက်လို့ အပြန်အလှန် ကုန်သွယ်ရေး ကင်းလွတ်ခွင့်တွေ ပယ်ဖျက်တဲ့အထိ တူရကီနဲ့ အမေရိကန်ကြား တင်းမာနေပါတယ်။

?bph6