
0
214




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၄၁ နှစ်အရွယ်နဲ့ ပေးစားခံရတဲ့ ၁၁ နှစ်အရွယ် မိန်းကလေးကို ထိုင်းပြန်ပို့

အသက် ၄၁ နှစ်အရွယ် မလေးရှား အမျိုးသားနဲ့ ပေးစားခံရတဲ့ အသက် ၁၁ နှစ်အရွယ် ထိုင်းမိန်းကလေးကို မလေးရှားက ထိုင်းနိုင်ငံကို ပြန်ပို့ပေးလိုက်ပါတယ်။

ကီလန်တန် ပြည်နယ် အစိုးရက မိန်းကလေးကို သြဂုတ်လ ၈ ရက်နေ့ကတည်းက ပြန်ပို့ပေးလိုက်တာ ဖြစ်ပြီး ထိုင်းအာဏာပိုင်တွေက လူမှုဖွံ့ဖြိုးရေးနှင့် လူမှု လုံခြုံရေး ဝန်ကြီးဌာန စောင့်ရှောက်မှုအောက်မှာ ထားရှိပါတယ်။ မိန်းကလေးကို မလေးရှား အမျိုးသားဆီ ပြန်ပို့ဖို့ ဘာသာရေး အဖွဲ့တွေက ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

မိန်းကလေးကို လက်ထပ်နေတဲ့ ဓာတ်ပုံ အွန်လိုင်းပေါ် တက်လာပြီးနောက် လူမှုကွန်ရက် စာမျက်နှာတွေမှာ အသက်မပြည့်ဘဲ လက်ထပ်မှုနဲ့ ပတ်သက်လို့ အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့အတွက် မလေးရှားနိုင်ငံ၊ ကီလန်တန်ရှိ မိန်းကလေးကို မလေးရှား အာဏာပိုင်တွေက ရုတ်တရက် ခေါ်ထုတ်ပြီး ထိုင်းကို ပြန်ပို့ပေးတာ ဖြစ်ပါတယ်။ မိန်းကလေးကို လက်ထပ်တဲ့သူကတော့ အမေရိကန်ဒေါ်လာ ၆၀၃ ဒေါ်လာမျှသာ ဒဏ်ရိုက်ခံရပါတယ်။

?bph6