ကန္႔ကြက္ဆႏၵျပေပမယ့္ ဗလီတစ္လံုးကို တ႐ုတ္အာဏာပိုင္ေတြ ၿဖိဳဖို႔ ဆံုးျဖတ္

0
527

တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ မြတ္စလင္ ဟြီလူမ်ိဳးေတြက ရာနဲ႔ခ်ီ ကန္႔ကြက္ဆႏၵျပခဲ့ၾကေပမယ့္ ဗလီႀကီး တစ္လံုးကို ဒီေန႔ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ အာဏာပိုင္ေတြက ၿဖိဳခ်ဖို႔ ဆံုးျဖတ္လိုက္ပါတယ္။

နင္ရွား ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးေဒသ၊ ေဝဇူၿမိဳ႕ရွိ ဂရန္း ဗလီ အျပင္ဘက္မွာ မေန႔ကတည္းက စုေဝးဆႏၵျပခဲ့ၾကတာ ျဖစ္ၿပီး ရဲေတြကလည္း အနီးကပ္ ေစာင့္ၾကည့္ေနခဲ့ၾကေပမယ့္ ပဋိပကၡေတာ့ မျဖစ္ခဲ့ပါဘူး။ ဒီႀကီးမားတဲ့ ဗလီကို ဘယ္ေန႔ ၿဖိဳခ်မယ္ဆိုတာေတာ့ အာဏာပိုင္ေတြက ထုတ္ေဖာ္ ေျပာဆိုျခင္း မရွိပါဘူး။

မႏွစ္တုန္းက ေဆာက္လုပ္ၿပီးစီးခဲ့ေပမယ့္ အေခ်ာမသတ္ရေသးတဲ့ ဒီဗလီႀကီးကို တျခားနည္းလမ္းအေနနဲ႔ အေပၚက အမိုးခံုးအခြ်န္ေတြ ဖယ္ရွားပစ္လိုက္ဖို႔ စီစဥ္ခဲ့ေပမယ့္ အခု အာဏာပိုင္ေတြက ၿဖိဳခ်ဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကန့်ကွက်ဆန္ဒပြပေမယ့် ဗလီတစ်လုံးကို တရုတ်အာဏာပိုင်တွေ ဖြိုဖို့ ဆုံးဖြတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မွတ်စလင် ဟွီလူမျိုးတွေက ရာနဲ့ချီ ကန့်ကွက်ဆန္ဒပြခဲ့ကြပေမယ့် ဗလီကြီး တစ်လုံးကို ဒီနေ့ သြဂုတ် ၁၀ ရက်နေ့မှာ အာဏာပိုင်တွေက ဖြိုချဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နင်ရှား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ဝေဇူမြို့ရှိ ဂရန်း ဗလီ အပြင်ဘက်မှာ မနေ့ကတည်းက စုဝေးဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး ရဲတွေကလည်း အနီးကပ် စောင့်ကြည့်နေခဲ့ကြပေမယ့် ပဋိပက္ခတော့ မဖြစ်ခဲ့ပါဘူး။ ဒီကြီးမားတဲ့ ဗလီကို ဘယ်နေ့ ဖြိုချမယ်ဆိုတာတော့ အာဏာပိုင်တွေက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

မနှစ်တုန်းက ဆောက်လုပ်ပြီးစီးခဲ့ပေမယ့် အချောမသတ်ရသေးတဲ့ ဒီဗလီကြီးကို တခြားနည်းလမ်းအနေနဲ့ အပေါ်က အမိုးခုံးအချွန်တွေ ဖယ်ရှားပစ်လိုက်ဖို့ စီစဉ်ခဲ့ပေမယ့် အခု အာဏာပိုင်တွေက ဖြိုချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

?bph6