လိမ္လည္ ဇိမ္ခံခဲ့တဲ့ ထိုင္းဘုန္းႀကီး ေထာင္ဒဏ္ ႏွစ္ ၁၀၀ ေက်ာ္က်

0
248

အေကာင္းဆံုး ဇိမ္ခံကားေတြ ပိုင္ဆိုင္ၿပီး ေလယာဥ္စင္းလံုးငွားစီးဖူးတဲ့၊ အလြန္အကြ်ံ ဇိမ္ခံပစၥည္းေတြ သံုးခဲ့တဲ့ ထိုင္းဘုန္းႀကီးဟာ စြဲခ်က္မ်ားစြာနဲ႔ လူဝတ္လဲခံရၿပီး ေထာင္ဒဏ္ ၁၁၄ ႏွစ္ က်သြားပါတယ္။

ေနာက္လိုက္ေနာက္ပါေတြဆီက ေငြလိမ္လည္မႈ၊ အမ်ိဳးသမီး အမ်ားအျပားနဲ႔ လိင္ပိုင္းဆိုင္ရာ ေဖာက္ျပန္ၿပီး တစ္ေယာက္ဆိုရင္ ကိုယ္ဝန္ရခဲ့မႈ၊ ၁၄ ႏွစ္အရြယ္ အသက္မျပည့္ေသးသူနဲ႔ မုဒိမ္းမႈေျမာက္မႈေတြနဲ႔ စြဲခ်က္တင္ခံရတဲ့ ဝီရပူ ဆြတ္ဖိုဟာ ၂၀၁၃ ခုႏွစ္က စင္းလံုးငွား ဂ်က္ေလယာဥ္ေပၚမွာ အေကာင္းစား မ်က္မွန္၊ ေစ်းအႀကီးဆံုး လူးဝစ္ ဗီတန္အိတ္နဲ႔ ဗီဒီယိုဖိုင္ ယူက်ဳေပၚ တက္လာရာက စတင္ စံုစမ္းစစ္ေဆးျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

အေမရိကန္ ႏိုင္ငံကို ထြက္ေျပးခဲ့ေပမယ့္ ၂၀၁၆ ခုႏွစ္မွာ အေမရိကန္ အစိုးရက သူ႔ကို ဖမ္းၿပီး ထိုင္းကို ျပန္ပို႔ခဲ့တာ ျဖစ္ပါတယ္။ သူလိမ္လည္ ေငြအလႉခံခဲ့တဲ့ လူ ၂၉ ဦးကိုလည္း ေလ်ာ္ေၾကးအျဖစ္ ဘတ္ေငြ ၂၈ သန္းေက်ာ္ (အေမရိကန္ ေဒၚလာ ၈၆၄၀၀၀) ေပးဖို႔လည္း တရား႐ံုးက ခ်မွတ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိမ်လည် ဇိမ်ခံခဲ့တဲ့ ထိုင်းဘုန်းကြီး ထောင်ဒဏ် နှစ် ၁၀ဝ ကျော်ကျ

အကောင်းဆုံး ဇိမ်ခံကားတွေ ပိုင်ဆိုင်ပြီး လေယာဉ်စင်းလုံးငှားစီးဖူးတဲ့၊ အလွန်အကျွံ ဇိမ်ခံပစ္စည်းတွေ သုံးခဲ့တဲ့ ထိုင်းဘုန်းကြီးဟာ စွဲချက်များစွာနဲ့ လူဝတ်လဲခံရပြီး ထောင်ဒဏ် ၁၁၄ နှစ် ကျသွားပါတယ်။

နောက်လိုက်နောက်ပါတွေဆီက ငွေလိမ်လည်မှု၊ အမျိုးသမီး အများအပြားနဲ့ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်ပြီး တစ်ယောက်ဆိုရင် ကိုယ်ဝန်ရခဲ့မှု၊ ၁၄ နှစ်အရွယ် အသက်မပြည့်သေးသူနဲ့ မုဒိမ်းမှုမြောက်မှုတွေနဲ့ စွဲချက်တင်ခံရတဲ့ ဝီရပူ ဆွတ်ဖိုဟာ ၂၀၁၃ ခုနှစ်က စင်းလုံးငှား ဂျက်လေယာဉ်ပေါ်မှာ အကောင်းစား မျက်မှန်၊ ဈေးအကြီးဆုံး လူးဝစ် ဗီတန်အိတ်နဲ့ ဗီဒီယိုဖိုင် ယူကျုပေါ် တက်လာရာက စတင် စုံစမ်းစစ်ဆေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံကို ထွက်ပြေးခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ အမေရိကန် အစိုးရက သူ့ကို ဖမ်းပြီး ထိုင်းကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။ သူလိမ်လည် ငွေအလှူခံခဲ့တဲ့ လူ ၂၉ ဦးကိုလည်း လျော်ကြေးအဖြစ် ဘတ်ငွေ ၂၈ သန်းကျော် (အမေရိကန် ဒေါ်လာ ၈၆၄၀ဝ၀) ပေးဖို့လည်း တရားရုံးက ချမှတ်ခဲ့ပါတယ်။

?bph6