
0
151




>>>>>>>>>>>>>>>>>>>>

ကစားသမားသစ် မခေါ်နိုင်လို့ အဲဗာတန်ကို ပြောင်းဖို့ ရိုဂျိုရဲ့ အိမ်မက် ပျက်

မန်ချက်စတာ ယူနိုတက်အသင်းဟာ အပြောင်းအရွှေ့ ကာလတွင်းမှာပဲ ပစ်မှတ်ထားတဲ့ နောက်တန်း ကစားသမားတွေကို ခေါ်ယူနိုင်မှု မရှိတာကြောင့် နောက်ခံလူ ရိုဂျိုဟာ အဲဗာတန်ကို ပြောင်းဖို့ အိပ်မက် ပျက်ပြယ်သွားခဲ့ရပါတယ်။
အဲဗာတန်အသင်းဟာ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက် ရောက်ချိန်အထိ ရိုဂျိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း နောက်ခံ ကစားသမားသစ် ရမယ်ဆိုရင် ရိုဂျိုကို ရောင်းချဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ ဘိုတန်၊ မက်ဂူရီ၊ ဂိုဒင်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံး ကမ်းလှမ်းခဲ့တဲ့ ဂိုဒင်ကလည်း ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အက်သလက်တီကို အသင်းက ဂိုဒင်ကို ကမ်းလှမ်းခဲ့ပေမယ့် အဲဒီ ကမ်းလှမ်းမှုလည်း ပယ်ချခံရပါတယ်။

?bph6