ဘရက္ပစ္ ကေလးေတြကို ေထာက္ပံ့ေၾကး မေပးဘူးလို႔ ဂ်ိဳလီ ေျပာ

0
162

တရားဝင္ ကြာရွင္းဖို႔ လုပ္ေဆာင္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ကေန အခုအထိ ကေလးေတြအတြက္ ေထာက္ပံ့ေၾကးကို မေပးခဲ့ဘူးလို႔ ေဟာလိဝုဒ္ မင္းသမီး အင္ဂ်လီနာ ဂ်ိဳလီက ေျပာလိုက္ပါတယ္။

ၾသဂုတ္လ ၇ ရက္ေန႔က အေမရိကန္ ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္မွာ ျပဳလုပ္တဲ့ တရားခြင္မွာ အင္ဂ်လီနာ ဂ်ဳလီက အခုလို ေျပာလိုက္တာ ျဖစ္ပါတယ္။ ဘရက္ပစ္နဲ႔ အင္ဂ်လီနာ ဂ်ိဳလီတို႔မွာ ကေလး ေျခာက္ဦး ရွိခဲ့ၿပီး ကေလးအားလံုး ေစာင့္ေရွာက္ခြင့္ကို အင္ဂ်လီနာ ဂ်ိဳလီက ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

လတ္တေလာမွာလည္း ကေလးေတြက အင္ဂ်လီနာ ဂ်ိဳလီနဲ႔ အတူေနေနၿပီး ဘရက္ပစ္က တခါတရံ သြားေတြပါတယ္။ ေဟာလိဝုဒ္ သ႐ုပ္ေဆာင္ ဘရက္ပစ္ရဲ႕ ေျပာခြင့္ရသူကေတာ့ ဘရက္ပစ္ဟာ တာဝန္ပ်က္ကြက္ခဲ့တာ မရွိဘူးလို႔ ျငင္းဆိုခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>

ဘရက်ပစ် ကလေးတွေကို ထောက်ပံ့ကြေး မပေးဘူးလို့ ဂျိုလီ ပြော

တရားဝင် ကွာရှင်းဖို့ လုပ်ဆောင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ အခုအထိ ကလေးတွေအတွက် ထောက်ပံ့ကြေးကို မပေးခဲ့ဘူးလို့ ဟောလိဝုဒ် မင်းသမီး အင်ဂျလီနာ ဂျိုလီက ပြောလိုက်ပါတယ်။

သြဂုတ်လ ၇ ရက်နေ့က အမေရိကန် နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်တဲ့ တရားခွင်မှာ အင်ဂျလီနာ ဂျုလီက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဘရက်ပစ်နဲ့ အင်ဂျလီနာ ဂျိုလီတို့မှာ ကလေး ခြောက်ဦး ရှိခဲ့ပြီး ကလေးအားလုံး စောင့်ရှောက်ခွင့်ကို အင်ဂျလီနာ ဂျိုလီက တောင်းဆိုနေတာ ဖြစ်ပါတယ်။

လတ်တလောမှာလည်း ကလေးတွေက အင်ဂျလီနာ ဂျိုလီနဲ့ အတူနေနေပြီး ဘရက်ပစ်က တခါတရံ သွားတွေပါတယ်။ ဟောလိဝုဒ် သရုပ်ဆောင် ဘရက်ပစ်ရဲ့ ပြောခွင့်ရသူကတော့ ဘရက်ပစ်ဟာ တာဝန်ပျက်ကွက်ခဲ့တာ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

?bph6