
0
159

ပေါ့ဘာဟာ အသင်းမှ ထွက်ခွာလိုကြောင်း သတင်းတွေ ထွက်ပေါ်နေပမယ့် ပေါ့ဘာကို အခုနွေရာသီမှာ ရောင်းချမှာ မဟုတ်ကြောင်း မန်ချက်စတာ ယူနိုက်တက်က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။



>>>>>>>>>>>>>>>>>>>>>

ပေါ့ဘာကို အခုနွေရာသီအတွင်း မရောင်းဘူးလို့ မန်ချက်စတာ ယူနိုက်တက် ပြော

ပေါ့ဘာဟာ အသင်းမှ ထွက်ခွာလိုကြောင်း သတင်းတွေ ထွက်ပေါ်နေပမယ့် ပေါ့ဘာကို အခုနွေရာသီမှာ ရောင်းချမှာ မဟုတ်ကြောင်း မန်ချက်စတာ ယူနိုက်တက်က အခိုုင်အမာ ပြောဆိုလိုက်ပါတယ်။

ပေါ့ဘာဟာ အသင်းကနေ ထွက်ခွာလိုကြောင်း အသင်းဖော်တွေ ပြောတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ဘာစီလိုနာကို ပြောင်းဖို့ သဘောတူညိမှု ရရှိကြောင်း သတင်းတွေလည်း ဆက်လက် ထွက်ပေါ်ခဲ့ပါ တယ်။ မန်ချက်စတာ ယူနိုက်တက်က ပေါ့ဘာဟာ လစာတိုးမြှင့်တောင်းဆိုတာ မရှိသလို အသင်းမှ ရောင်းချမှာလည်း မဟုတ်ကြောင်း ပြန်တုံ့ပြန်ခဲ့ပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၈၈ သန်းနဲ့ ပြောင်းလာခဲ့ပြီး နောက်ပိုင်းတည်းက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ထင်မြင်ချက် မျိုးစုံထွက်ခဲ့ပြီး ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်က ပေါ့ဘာဟာ တစ်နှစ်လုပ်ခ ပေါင် ၉ ဒသမ ၆၂ သန်း ရနေတယ်လို့ ပြောပါတယ်။

?bph6