
0
260




>>>>>>>>>>>>>>>>>>>>>>>

တိုက်စစ်မှူး ဇာဟာကို စပါးအသင်း ပေါင် ၄၅ သန်းနဲ့ ခေါ်ဖို့ ပြင်

ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ စပါးအသင်း ပါဝင်လာခဲ့ပါတယ်။ စပါအသင်းဟာ အခု အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားသစ်ခေါ်ယူနိုင်မှု မရှိသေးရာ တိုက်စစ်မှူး ဇာဟာကို လက်ရှိ အပြောင်းအရွှေ့ ကာလအတွင်း ပထမဆုံး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဇာဟာကို ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပြီး ချဲလ်ဆီးနဲ့ စပါးအသင်းတို့ အပြိုင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ တိုက်စစ်မှူး ဇာဟာကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း ပေးကာ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဇာဟာကိုခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ကမ်းလှမ်းမှုတွေ လုပ်ခဲ့ရာမှာ အဲဒီကမ်းလှမ်းမှုကို ခရစ္စတယ်ပဲလေစ့် အသင်းက ပယ်ချခဲ့ပါတယ်။ စပါးအသင်းကတော့ ဇာဟာရဲ့ လျှော်ကြေး စာချုပ်ထဲမှာ ပါတဲ့အတိုင်း ငွေသား သက်သက် ပေါင် ၄၅ သန်း ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

?bph6