
0
325




>>>>>>>>>>>>>>>>>>>>>>>>>]

အမေရိကန် စစ်သည် ရုပ်ကြွင်း ၅၅ လောင်းကို မြောက်ကိုရီးယား ပြန်ပို့

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကိုရီးယားစစ်ပွဲအတွင်းမှာ တိုက်ခိုက်ခဲ့တဲ့ အမေရိကန် စစ်သည် ရုပ်အလောင်းတွေပါတဲ့ အခေါင်း ၅၅ ခုကို အမေရိကန်ဆီ ပြန်လွှဲပေးလိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြန်ပို့ခဲ့တဲ့ အမေရိကန် စစ်သည်တစ်ဦးချင်းစီရဲ့ ရုပ်အလောင်းတွေကို အတိအကျ ပြောဆိုတာ မရှိခဲ့ပါဘူး။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် တို့တွေ့ဆုံဆွေးနွေးပြီး လပိုင်းအကြာမှာပဲ အခုလို စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံက ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ပြန်ပို့လိုက်တဲ့ ရုပ်အလောင်းတွေကို အမေရိကန် ကျွမ်းကျင်သူတွေလည်း အတိအကျ ခွဲခြားအတည်ပြုလို့ မရသေးဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

?bph6