
0
208




>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် အခွန်တိုးကောက်ရင် လက်တုံ့ပြန်မယ်လို့ တရုတ်ပြော

အမေရိကန်နိုင်ငံဟာ ကုန်သွယ်ရေး စစ်ပွဲကို နောက်ထပ် တင်းမာအောင် လုပ်ဆောင်မယ်ဆိုရင် အဲဒီအတိုင်း ပြန်ပြီး လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံက တင်သွင်းတဲ့ အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ တရုတ်နိုင်ငံက အခုလို ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ တရုတ်ကုန်ပစ္စည်းတွေကို ၁၀ ရာခိုင်နှုန်းသာ ကောက်ခံမယ်လို့ ဆိုခဲ့ပေမယ့် လက်ရှိမှာ တိုးကောက်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက တရုတ် ကုန်ပစ္စည်းတွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်တာဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို အရှိန်မြင့်လာစေနိုင်တယ်လို့ သုံးသပ်နေပါတယ်။

?bph6