IS အစြန္းေရာက္ အဖြဲ႔ဝင္ ၁၅၀ လက္နက္ခ်

0
168

IS အစၥလာမ္ အစြန္းေရာက္ စစ္ေသြးၾကြအဖြဲ႔ဝင္ ၁၅၀ ဦးဟာ ၾသဂုတ္ ၁ ရက္ေန႔မွာပဲ လက္နက္ခ် အညံ့ခံခဲ့တယ္လို႔ အာဖဂန္နစၥတန္အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။ IS အဖြဲ႔နဲ႔ တာလီဘန္ သူပုန္အဖြဲ႔တုိ႔ဟာ ႏုိင္ငံေျမာက္ပိုင္းမွာ တုိက္ခိုက္မႈေတြ ရွိခဲ့ၿပီးေနာက္ လက္နက္ခ်လိုက္တာ ျဖစ္ပါတယ္။

အာဖန္ဂန္နစၥတန္ အစိုးရအဖြဲ႔ဟာ IS အဖြဲ႔ အခုိင္အမာ ေျခကုတ္ ရယူထားတဲ့ နန္ဂါဟာေဒသ ၿမိဳ႕ေတာ္  ဂ်ာလာလာဘတ္ၿမိဳ႕ရဲ႕ လံုုၿခံဳေရးကို တာဝန္ယူထားရတယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ IS အဖြဲ႔  လက္နက္ခ်လိုက္တာဟာ အေျပာင္းအလဲတစ္ခု ျဖစ္လာႏုိင္တယ္လို႔ အာဖန္ဂန္နစၥတန္အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

 

IS အဖြဲ႔ဝင္ေတြဟာ အရင္တုန္းကလည္း လက္နက္ခ်ခဲ့ဖူးၿပီး အခု လက္နက္ခ်ခ်ိန္မွာေတာ့ အမ်ိဳးသမီး ၃၀ ဦးနဲ႔ ကေလးေတြကို အာဖန္ဂန္နစၥတန္ လံုၿခံဳေရး အဖြဲ႔ေတြဆီ လႊဲေပးခဲ့တယ္လုိ႔  သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>

IS အစွန်းရောက် အဖွဲ့ဝင် ၁၅၀ လက်နက်ချ

IS အစ္စလာမ် အစွန်းရောက် စစ်သွေးကြွအဖွဲ့ဝင် ၁၅၀ ဦးဟာ သြဂုတ် ၁ ရက်နေ့မှာပဲ လက်နက်ချ အညံ့ခံခဲ့တယ်လို့ အာဖဂန်နစ္စတန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ IS အဖွဲ့နဲ့ တာလီဘန် သူပုန်အဖွဲ့တို့ဟာ နိုင်ငံမြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးနောက် လက်နက်ချလိုက်တာ ဖြစ်ပါတယ်။

အာဖန်ဂန်နစ္စတန် အစိုးရအဖွဲ့ဟာ IS အဖွဲ့ အခိုင်အမာ ခြေကုတ် ရယူထားတဲ့ နန်ဂါဟာဒေသ မြို့တော် ဂျာလာလာဘတ်မြို့ရဲ့ လုံခြုံရေးကို တာဝန်ယူထားရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ IS အဖွဲ့ လက်နက်ချလိုက်တာဟာ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်လို့ အာဖန်ဂန်နစ္စတန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

IS အဖွဲ့ဝင်တွေဟာ အရင်တုန်းကလည်း လက်နက်ချခဲ့ဖူးပြီး အခု လက်နက်ချချိန်မှာတော့ အမျိုးသမီး ၃၀ ဦးနဲ့ ကလေးတွေကို အာဖန်ဂန်နစ္စတန် လုံခြုံရေး အဖွဲ့တွေဆီ လွှဲပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

?bph6