အင္ဒိုနီးရွားငလ်င္ေၾကာင့္ ကမာၻလွည့္ခရီးသြား ရာခ်ီ ပိတ္မိေန

0
283

အင္ဒိုနိးရွားႏုိင္ငံ၊ လြန္ေဘာ့ကၽြန္းမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက လႈပ္ခတ္တဲ့ အင္အားျပင္း ငလ်င္ေၾကာင့္ ေတာင္ေပၚမွာ ကမာၻလွည့္ခရီးသြား ရာခ်ီ ပိတ္မိေနတယ္လို႔ အင္ဒုိနီးရွား သဘာဝ ေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈ ေကာ္မတီက ေျပာပါတယ္။

လွပတဲ့ ကမ္းေျခနဲ႔ ေတာင္တက္လမ္းေတြေၾကာင့္ ကမာၻလွည့္ ခရီးသြားေတြ အလာမ်ားတဲ့ လြန္ေဘာ့ကၽြန္းကို ျပင္းအား ၆ ဒသမ ၄ မဂၢနီက်ဴ အဆင့္ရွိ အင္အားျပင္းငလ်င္ လႈပ္ခတ္ခဲ့တာ ျဖစ္ပါတယ္။ ငလ်င္လႈပ္ခတ္ၿပီးေနာက္ ရင္ဂ်နီေတာင္ေပၚက ခရီးသည္ ၆၀၀ ေက်ာ္ ျပန္မဆင္းႏုိင္ဘဲ ျဖစ္ေနပါတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြအရ ေတာင္ေပၚမွာ ခရီးသြား ၂၀၀၀ ေက်ာ္ ပိတ္မိေနၿပီး အဲဒီ ခရီးသည္ေတြထဲမွာ ထုိင္္္္း၊ မေလးရွား ႏုိင္ငံသားေတြ ပါဝင္ပါတယ္။ ငလ်င္ေၾကာင့္ လူေပါင္း ၁၆ ဦး ေသဆံုးကာ ၃၅၅ ဦး ဒဏ္ရာရခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှားငလျင်ကြောင့် ကမ္ဘာလှည့်ခရီးသွား ရာချီ ပိတ်မိနေ

အင်ဒိုနိးရှားနိုင်ငံ၊ လွန်ဘော့ကျွန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လှုပ်ခတ်တဲ့ အင်အားပြင်း ငလျင်ကြောင့် တောင်ပေါ်မှာ ကမ္ဘာလှည့်ခရီးသွား ရာချီ ပိတ်မိနေတယ်လို့ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီက ပြောပါတယ်။

လှပတဲ့ ကမ်းခြေနဲ့ တောင်တက်လမ်းတွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ လွန်ဘော့ကျွန်းကို ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျူ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် ရင်ဂျနီတောင်ပေါ်က ခရီးသည် ၆၀ဝ ကျော် ပြန်မဆင်းနိုင်ဘဲ ဖြစ်နေပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ တောင်ပေါ်မှာ ခရီးသွား ၂၀ဝ၀ ကျော် ပိတ်မိနေပြီး အဲဒီ ခရီးသည်တွေထဲမှာ ထိုင်း၊ မလေးရှား နိုင်ငံသားတွေ ပါဝင်ပါတယ်။ ငလျင်ကြောင့် လူပေါင်း ၁၆ ဦး သေဆုံးကာ ၃၅၅ ဦး ဒဏ်ရာရခဲ့ပါတယ်။