
0
188


 



>>>>>>>>>>>>>>>>>>>>>>>

လမ်းမသစ် တည်ဆောက်ရေး တရုတ်က ကမ္ဘောဒီးယားကို ဒေါ်လာ ၂၅၉ သန်း ချေးမယ်

မြို့တော် ဖနွမ်ပင်ကို ဆက်သွယ်တဲ့ လမ်းမသစ် တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံက ကမ္ဘောဒီယား နိုင်ငံကို အမေရိကန်ဒေါ်လာ ၂၅၉ သန်း ချေးမှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားရဲ ဝန်ကြီးချုပ်တာဝန်ကို ကာလရှည်ကြာစွာ ရယူထားသူ ဟွန်ဆန်ဟာ တရုတ်အစိုးရရဲ့ မဟာမိတ်တစ်ဦး ဖြစ်ပါတယ်။ လာမယ့် ဇူလိုင် ၂၉ အထွေထွေ ရွေးကောက်ပွဲမှာလည်း အနိုင်ရဖို့ မျှော်လင့်ထားပြီး အဓိက အတိုက်အခံပါတီကို ဖျက်သိမ်းထားတဲ့အတွက် သူ့ရဲ့ နှစ် ၃၀ ကျော်ကြာ အုပ်ချုပ်ရေးကို ဆုပ်ကိုင်ထားနိုင်မှာ ဖြစ်ပါတယ်။

အတိုက်အခံနဲ့ မီဒီယာတွေ နှိမ်နင်းတဲ့အတွက် နိုင်ငံတကာက ဟွန်ဆန် အစိုးရကို ဝေဖန်နေချိန်မှာ တရုတ်ရဲ့ ကျောထောက်နောက်ခံပေးမှုက ဝန်ကြီးချုပ် ဟွန်ဆန်ကို အားကောင်းစေမှာ ဖြစ်ပါတယ်။