
0
285




>>>>>>>>>>>>>>>>>>>>>>>>>>

မစ်ဆူရီ ရေကန်မှာ လှေမှောက်လို့ ၁၁ ဦးသေ

အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်ရှိ တေဘယ် ရော့ခ် ရေကန်မှာ လေပြင်းကျပြီး အပျော်စီးလှေမှောက်လို့ လိုက်ပါလာသူ ၁၁ ဦး သေဆုံးသွားပါတယ်။

မနေ့က ဇူလိုင် ၁၉ ရက်နေ့က ခရီးသွားတွေ လိုက်ပါလာတဲ့ အပျော်စီးလှေ မှောက်တာဖြစ်ပြီး တခြား လူ ခုနစ်ဦးကတော့ ဆေးရုံတင်ထားရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆေးရုံက တာဝန်ရှိသူ တစ်ဦးကတော့ လူကြီး လေးဦးနဲ့ ကလေး သုံးဦး ဆေးရုံရောက်လာကြောင်း၊ လူကြီး နှစ်ဦးရဲ့ အခြေအနေက စိုးရိမ်းရကြောင်း အတည်ပြုပါတယ်။

အပျော်စီးလှေ မှောက်တာဟာ ရာသီဥတု ဆိုးရွားလို့ဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်လို့ အပျော်စီးလှေ ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။