သမၼတ ထရမ့္ဟာ အေမရိကန္ကို အရွက္ရေစတယ္လို႔ မင္းသားႀကီး အာႏိုး ေဝဖန္

0
491

သမၼတ ေဒၚနယ္ ထရမ့္ဟာ အေမရိကန္ကို အရွက္ရေစတယ္၊ ႐ုရွားသမၼတ ပူတင္ရဲ႕ ေနာင္ေျပာင္စရာ ခ်ာတိတ္တစ္ေယာက္လို ျပဳမူေနတယ္လို႔ ဝါရင့္ မင္းသားႀကီး အာႏိုး ရွဝါဇနင္ဂါက ေဝဖန္လိုက္ပါတယ္။

မေန႔က ဇူလိုင္ ၁၆ ရက္ေန႔က ဖင္လန္ႏိုင္ငံ၊ ဟယ္လ္ဆင္ကီၿမိဳ႕မွာ က်င္းပတဲ့ သမၼတ ထရမ့္နဲ႔ သမၼတ ပူတင္တို႔ ပူးတြဲ သတင္းစာရွင္းလင္းပြဲအတြင္း သမၼတ ပူတင္ ျပဳမူပံုနဲ႔ ပတ္သက္လို႔ ကယ္လီဖိုးနီးယား ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း မင္းသားႀကီး အာႏိုးက သူ႔ရဲ႕ အင္စတာဂရမ္ ဗီဒီယိုဖိုင္ကေန ေဝဖန္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၇၀ ရွိၿပီျဖစ္တဲ့ မင္းသားႀကီး အာႏိုးက သူတို႔ရဲ႕ ရွက္စရာေကာင္းတဲ့ သတင္းစာရွင္းလင္းပြဲမွာ သမၼတ ထရမ့္ဟာ သမၼတ ပူတင္အတြက္ ေနာက္ေျပာင္စရာ ခ်ာတိတ္လို႔ ေဝဖန္တိုက္ခိုက္လိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>

သမ္မတ ထရမ့်ဟာ အမေရိကန်ကို အရှက်ရစေတယ်လို့ မင်းသားကြီး အာနိုး ဝေဖန်

သမ္မတ ဒေါ်နယ် ထရမ့်ဟာ အမေရိကန်ကို အရှက်ရစေတယ်၊ ရုရှားသမ္မတ ပူတင်ရဲ့ နောင်ပြောင်စရာ ချာတိတ်တစ်ယောက်လို ပြုမူနေတယ်လို့ ဝါရင့် မင်းသားကြီး အာနိုး ရှဝါဇနင်ဂါက ဝေဖန်လိုက်ပါတယ်။

မနေ့က ဇူလိုင် ၁၆ ရက်နေ့က ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီမြို့မှာ ကျင်းပတဲ့ သမ္မတ ထရမ့်နဲ့ သမ္မတ ပူတင်တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ ပူတင် ပြုမူပုံနဲ့ ပတ်သက်လို့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မင်းသားကြီး အာနိုးက သူ့ရဲ့ အင်စတာဂရမ် ဗီဒီယိုဖိုင်ကနေ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၀ ရှိပြီဖြစ်တဲ့ မင်းသားကြီး အာနိုးက သူတို့ရဲ့ ရှက်စရာကောင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်ဟာ သမ္မတ ပူတင်အတွက် နောက်ပြောင်စရာ ချာတိတ်လို့ ဝေဖန်တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။