Iron Man လုိဝတ္စံု အေမရိကန္ေလတပ္မွာ အသံုးျပဳႏုိင္ဖို႔ စမ္းသပ္ေန

0
65

အေမရိကန္ျပည္ေထာင္စု စင္စင္နတီ နည္းပညာတကၠသိုလ္က အင္ဂ်င္နီယာေတြဟာ ေလတပ္သုေတသန ဓာတ္ခြဲခန္းထဲမွာ စြမ္းအင္သုိေလွာင္ ထားႏိုင္တဲ့ ဝတ္စံုကို ထုတ္လုပ္ဖို႔ ကာဘြန္နဲ႔ စမ္းသပ္ေနၾကတာပါ။

သုေတသန ပညာရွင္ေတြဟာ ႐ုပ္ရွင္ ဇာတ္လမ္းထဲက ‘Iron Man’ ရဲ့ ဝတ္စံုလို ကာဘြန္အမ်ွင္ေတြ ထြက္လာတဲ႔ စြမ္းအားမ်ိဳး ထုတ္ႏိုင္ၿပီး စြမ္းအင္ေတြထိန္းသိမ္းႏိုင္တဲ့ ဝတ္စံုကို ထုတ္လုပ္ဖို႔ စီစဥ္ေနၾကတာပါ။ ကာဘြန္ေတြကို အပူေပးတဲ့အခါမွာ ရွည္လ်ားတဲ့အမွ်င္ေတြ ထြက္လာမွာ ျဖစ္ၿပီး အဲ့ဒီအမ်ွင္နဲ႔ စြမ္းအားျမင့္ ဝတ္စံုကို ထုတ္လုပ္မွာပါ။ အဲ့ဒီက ဝတ္စံုက ထြက္လာတဲ့ စြမ္းအင္ဟာ ကိုယ္ရဲ့ ဖုန္းကိုေတာင္ အားျပန္သြင္းေပးႏိုင္မွာပဲ ျဖစ္ပါတယ္။

ေလယာဥ္မွဴးဟာ ဒီဝတ္စံုကို ဝတ္ဆင္ထားရင္ တုိက္ေလယာဥ္ေတြရဲ႕ စြမ္းအားကိုေတာင္ ျပန္လည္ျဖည့္ တင္းေပးႏိုင္မွာ ျဖစ္ေပမဲ့ အဲ့ဒီလိုလုပ္ေဆာင္ဖုိ႔ အခ်ိန္ၾကာျမင့္ ဦးမွာ ျဖစ္တယ္လုိ႕သုေတသနညာရွင္ေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Iron Man လိုဝတ်စုံ အမေရိကန်လေတပ်မှာ အသုံးပြုနိုင်ဖို့ စမ်းသပ်နေ

အမေရိကန်ပြည်ထောင်စု စင်စင်နတီ နည်းပညာတက္ကသိုလ်က အင်ဂျင်နီယာတွေဟာ လေတပ်သုတေသန ဓာတ်ခွဲခန်းထဲမှာ စွမ်းအင်သိုလှောင် ထားနိုင်တဲ့ ဝတ်စုံကို ထုတ်လုပ်ဖို့ ကာဘွန်နဲ့ စမ်းသပ်နေကြတာပါ။

သုတေသန ပညာရှင်တွေဟာ ရုပ်ရှင် ဇာတ်လမ်းထဲက ‘Iron Man’ ရဲ့ ဝတ်စုံလို ကာဘွန်အမျှင်တွေ ထွက်လာတဲ့ စွမ်းအားမျိုး ထုတ်နိုင်ပြီး စွမ်းအင်တွေထိန်းသိမ်းနိုင်တဲ့ ဝတ်စုံကို ထုတ်လုပ်ဖို့ စီစဉ်နေကြတာပါ။ ကာဘွန်တွေကို အပူပေးတဲ့အခါမှာ ရှည်လျားတဲ့အမျှင်တွေ ထွက်လာမှာ ဖြစ်ပြီး အဲ့ဒီအမျှင်နဲ့ စွမ်းအားမြင့် ဝတ်စုံကို ထုတ်လုပ်မှာပါ။ အဲ့ဒီက ဝတ်စုံက ထွက်လာတဲ့ စွမ်းအင်ဟာ ကိုယ်ရဲ့ ဖုန်းကိုတောင် အားပြန်သွင်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။

လေယာဉ်မှူးဟာ ဒီဝတ်စုံကို ဝတ်ဆင်ထားရင် တိုက်လေယာဉ်တွေရဲ့ စွမ်းအားကိုတောင် ပြန်လည်ဖြည့် တင်းပေးနိုင်မှာ ဖြစ်ပေမဲ့ အဲ့ဒီလိုလုပ်ဆောင်ဖို့ အချိန်ကြာမြင့် ဦးမှာ ဖြစ်တယ်လို့သုတေသနညာရှင်တွေက ပြောပါတယ်။

?bph6