အဂၤလန္ ေဘာလံုးအသင္းႏိုင္ရင္ အားလပ္ရက္ေပးဖို႔ ေတာင္းဆို

0
290

ကမာၻ႔ဖလားပြဲမွာ အဂၤလန္ ေဘာလံုးအသင္းသာ ႏိုင္ခဲ့ရင္ လာမယ့္ တနလၤာေန႔ကို ဘဏ္ေတြရဲ႕ ပိတ္ရက္အျဖစ္ သတ္မွတ္ေပးဖို႔ လူ ၂ သိန္းေက်ာ္က လက္မွတ္ေရးထိုး ေတာင္းဆိုလိုက္ပါတယ္။

ၿဗိတိန္ႏိုင္ငံ၊ ရွက္ဖီးလ္ဒ္ေန လိုင္ယမ္ ဘက္ဆန္က လက္မွတ္ေရးထိုးေရးကို လံႈ႕ေဆာ္ခဲ့တာ ျဖစ္ပါတယ္။ သူက ရယ္စရာ အေနနဲ႔ လက္မွတ္ေရးထိုး ေတာင္းဆိုတဲ့ လံႈ႕ေဆာ္မႈကို လုပ္ခဲ့တာ ျဖစ္ၿပီး ေထာက္ခံသူ မ်ားျပားလာၿပီးတဲ့ေနာက္ တကယ္လို ျဖစ္လာတယ္လို႔ လိုင္ယမ္ ဘက္ဆန္က ေျပာပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ဘက္ဆန္က တကယ္လို႔သာ ဘဏ္ပိတ္ရက္အျဖစ္ သတ္မွတ္ေပးမယ္ဆိုရင္ အဂၤလန္အတြက္ သိပ္ေကာင္းမွာပါ၊ လူေတြအတြက္လည္း အႏိုင္ရမႈအတြက္ ေပ်ာ္ရႊင္ပြဲဆင္ႏႊဲဖို႔ အခြင့္အေရး ရလိမ့္မယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်္ဂလန် ဘောလုံးအသင်းနိုင်ရင် အားလပ်ရက်ပေးဖို့ တောင်းဆို

ကမ္ဘာ့ဖလားပွဲမှာ အင်္ဂလန် ဘောလုံးအသင်းသာ နိုင်ခဲ့ရင် လာမယ့် တနင်္လာနေ့ကို ဘဏ်တွေရဲ့ ပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ လူ ၂ သိန်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံ၊ ရှက်ဖီးလ်ဒ်နေ လိုင်ယမ် ဘက်ဆန်က လက်မှတ်ရေးထိုးရေးကို လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ သူက ရယ်စရာ အနေနဲ့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုံ့ဆော်မှုကို လုပ်ခဲ့တာ ဖြစ်ပြီး ထောက်ခံသူ များပြားလာပြီးတဲ့နောက် တကယ်လို ဖြစ်လာတယ်လို့ လိုင်ယမ် ဘက်ဆန်က ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် ဘက်ဆန်က တကယ်လို့သာ ဘဏ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးမယ်ဆိုရင် အင်္ဂလန်အတွက် သိပ်ကောင်းမှာပါ၊ လူတွေအတွက်လည်း အနိုင်ရမှုအတွက် ပျော်ရွှင်ပွဲဆင်နွှဲဖို့ အခွင့်အရေး ရလိမ့်မယ်လို့ ပြောပါတယ်။

?bph6