နည္းျပ အင္းနရစ္ကို စပိန္ လက္ေရြးစင္ နည္းျပသစ္ခန္႔

0
62

စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္ဟာ လစ္လပ္ေနတဲ့ နည္းျပေနရာမွာ ဘာစီလုိနာ နည္းျပေဟာင္း အင္းနရစ္ကို အစားထုိး ခန္႔အပ္လုိက္ပါတယ္။

ကမာၻ႔ဖလား ၿပိဳင္ပြဲမွာ စပိန္ အသင္းနည္းျပအျဖစ္ တာဝန္ယူခဲ့တဲ့ နည္းျပ ဟီယာ႐ိုဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ရာထူးမွ ထြက္ခဲ့ၿပီးေနာက္ အင္းနရစ္ကို အစားထုိး ခန္႔အပ္လုိက္တာ ျဖစ္ပါတယ္။ စပိန္အသင္းဟာ ကမာၻ႔ဖလား ၿပိဳင္ပြဲမတုိင္ခင္ ရက္ပုိင္းအလုိက နည္းျပ လုိပီတီဂူကို ရာထူးက ထုတ္ခဲ့ၿပီးေနာက္ ဟီယာ႐ိုကုိ အစားထုိး ခန္႔အပ္ခဲ့ပါတယ္။

စပိန္အသင္းဟာ နည္းျပ အန္းနရစ္ကို ၂ ႏွစ္စာခ်ဳပ္ လက္မွတ္ေရးထုိးခဲ့ပါတယ္။ စပိန္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ မတုိင္ခင္ ေရပန္းစားခဲ့ေပမယ့္ ၿပိဳင္ပြဲကေန ေစာစီးစြာ ထြက္ခဲ့ရပါတယ္။ နည္းျပ အင္းနရစ္ဟာ ဘာစီလုိနာ အသင္းကို တာဝန္ယူခဲ့သူျဖစ္ၿပီး ဘာစီလုိနာ အသင္းနည္းျပ အျဖစ္ တာဝန္ယူခ်ိန္အတြင္း သမုိင္းဝင္ ဖလား သံုးလံုးရရွိေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့သူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပြ အင်းနရစ်ကို စပိန် လက်ရွေးစင် နည်းပြသစ်ခန့်

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ လစ်လပ်နေတဲ့ နည်းပြနေရာမှာ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စပိန် အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ နည်းပြ ဟီယာရိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရာထူးမှ ထွက်ခဲ့ပြီးနောက် အင်းနရစ်ကို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ စပိန်အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင် ရက်ပိုင်းအလိုက နည်းပြ လိုပီတီဂူကို ရာထူးက ထုတ်ခဲ့ပြီးနောက် ဟီယာရိုကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။

စပိန်အသင်းဟာ နည်းပြ အန်းနရစ်ကို ၂ နှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ရေပန်းစားခဲ့ပေမယ့် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခဲ့ရပါတယ်။ နည်းပြ အင်းနရစ်ဟာ ဘာစီလိုနာ အသင်းကို တာဝန်ယူခဲ့သူဖြစ်ပြီး ဘာစီလိုနာ အသင်းနည်းပြ အဖြစ် တာဝန်ယူချိန်အတွင်း သမိုင်းဝင် ဖလား သုံးလုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

?bph6