
0
66




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပ်စတင် ဘီဘာက ဟေလီ ဘော်လ်ဒွင်ကို လက်ထပ်ခွင့်တောင်း

ဆက်ဆံရေး ရှိနေတာ ၁ လကြာပြီးနောက် ကမ္ဘာကျော် အဆိုတော် ဂျပ်စတင် ဘီဘာက မော်ဒယ် ဟေလီ ဘောလ်ဒွင်ကို လက်ထပ်ခွင့် တောင်းလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဘီဘာက အသက် ၂၁ နှစ်အရွယ် ဘောလ်ဒွင်ကို ဇူလိုင်လ ၇ ရက်နေ့ညက ဘဟားမားမှာ ရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ လက်ထပ်ခွင့် တောင်းခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဘီဘာက လက်ထပ်ခွင့်တောင်းဖို့ မပြောခင် ဘီဘာရဲ့ ကိုယ်ရံတော်တွေက ဆိုင်မှာ ရှိတဲ့သူတွေရဲ့ ဖုန်းတွေကို မသုံးဖို့ တားမြစ်ခဲ့တယ်လို့ သတင်းတွေမှာ ရေးသားထားပါတယ်။ ဟေလီ ဘော်လ်ဒွင်ဟာ သရုပ်ဆောင် စတီဖင် ဘော်လ်ဒွင်ရဲ့ သမီးဖြစ်ပါတယ်။

?bph6