
0
138




>>>>>>>>>>>>>>>>>>>>>>>>

ဟတ်ထရစ် ဂိုးရှင် ဟာရီကိန်း အင်္ဂလန် အတွက်စံချိန်သစ်တွေရယူနိုင်ခဲ့

ဟာရီကိန်း ဟာပနားမားကိုအနိုင်ရတဲ့ပွဲမှာ သုံးဂိုးသွင်းယူနိုင်ခဲ့၂၈ နှစ်အတွင်း ကမ္ဘာဖလား ပြိုင်ပွဲမှာ အင်္ဂလန် ကစားသမားတွေထဲမှာ ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။

ဟာရီကိန်း ဟာ ပနားမားကို အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီ ၂ ဂိုးအပါဝင် တစ်ဦးတည်း သုံးဂိုးသွင်းယူနိုင်ခဲ့ ပါတယ်။ ဟာရီကန်းဟာ တူနီးရှားနဲ့ ပွဲတုန်းကလည်း အင်္ဂလန်အတွက် နှစ်ဂိုးသွင်းယူခဲ့ရာ နှစ်ပွဲ ကစားပြီးချိန်မှာ အင်္ဂလန်အတွက် ၅ ဂိုးသွင်းယူနိုင်ခဲ့ရာ အင်္ဂလန် ရဲ့ ကမ္ဘာဖလား အုပ်စုပွဲစဉ်တွေအတွင်း ဂိုးအများဆုံး သွင်းနိုင်တဲ့ ပထမဆုံး အင်္ဂလန် ကစားသမားဖြစ်လာခဲ့ပါတယ်။

ကမ္ဘာဖလားပြိုင်ပွဲတလျှောက်မှာ အင်္ဂလန် အသင်းအတွက် ဂိုးအများသွင်းထားသူတွေမှာ ဒေးဗစ် ပလိတ် နဲ့ ဂယ်ရီလင်ကာတို့ ဖြစ်ပြီး သုံးဂိုးစီသွင်းယူထားပါတယ်။ ဒေးဗစ်ပလိတ် ဟာ ၁၉၈၆ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲ အုပ်စုပွဲ စဉ်တွေမှာ သုံးဂိုးသွင်းခဲ့သူဖြစ်ပါတယ်။

?bph6