
0
66




>>>>>>>>>>>>>>>>>>>>>>>

တရုတ်ဟာ ဒလိုင်းလားမားနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ လိုတယ်လို့ အမေရိကန် ပြော

တရုတ်အစိုးရဟာ ဒလိုင်းလားမားနဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ စေ့စပ်ဖို့ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက ပြောပါတယ်။

မကြာခင် တရုတ်နိုင်ငံကို သွားဖို့ရှိတဲ့ ဝန်ကြီး ပွန်ပီယိုက ကြိုတင်ကန့်သတ်ချက်တွေ မရှိဘဲ ဒလိုင်းလားမား ဒါမှမဟုတ် သူ့ကိုယ်စားလှယ်တွေနဲ့ ဖြစ်စေ တိုက်ရိုက် ဆွေးနွေးဖို့၊ အဓိပ္ပာယ် ပြည့်ဝတဲ့ စေ့စပ်ညှိနှိုင်းမှု ဖြစ်လို့ လိုနေပြီး အမေရိကန်ကလည်း လူသိရှင်ကြား ပြောဆိုသင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
တိဘက်တွေရဲ့ လူ့အခွင့်အရေး အပါအဝင် ဘာသာရေး၊ ဘာသာစကား၊ ယဉ်ကျေးမှု အစဉ်အလာတွေကို မကန့်သတ်ဖို့ တရုတ်ကို တိုက်တွန်းသွားမယ်လို့လည်း ဝန်ကြီး ပွန်ပီယိုက ပြောပါတယ်။

?bph6