ေခါင္းၿမီးၿခံဳခိုင္းလို႔ အိႏၵိယ စစ္တုရင္ အေက်ာ္အေမာ္ အီရန္ဗိုလ္လုပြဲကို သပိတ္ေမွာက္

0
109

အိႏိၵယ ထိပ္သီး စစ္တုရင္ ခ်န္ပီယံ အမ်ိဳးသမီးက အီရန္မွာ က်င္းပမယ့္ ခ်န္ပီယံဗိုလ္လုပြဲမွာ ေခါင္းၿမီးၿခံဳရမယ္ဆိုလို႔ ၿပိဳင္ပြဲကို သပိတ္ေမွာက္လိုက္ပါတယ္။

အငယ္တန္း အမ်ိဳးသမီး ကမာၻ႔ခ်န္ပီယံေဟာင္း ဆိုျမာ ဆြာမီနာသန္က ေရွ႕လမွာ က်င္းပမယ့္ အာရွႏိုင္ငံမ်ား စစ္တုရင္ ဖလားပြဲမွာ ေခါင္းၿမီးၿခံဳရမယ္ဆိုတဲ့ ကန္႔သတ္ခ်က္ဟာ သူ႔ရဲ႕ အခြင့္အေရးကို ခ်ိဳးေဖာက္ေနတယ္လို႔ ေျပာပါတယ္။

အီရန္ဥပေဒအရ ေခါင္းၿမီး မျဖစ္မေန ၿခံဳရမယ္ဆိုတာဟာ လြတ္လပ္စြာ ေတြးေတာခြင့္၊ ယံုၾကည္ခြင့္၊ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ဆိုတဲ့ အေျခခံ လူ႔အခြင့္အေရးကို တိုက္႐ိုက္ခ်ိဳးေဖာက္ေနတာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။ လက္ရွိ အေျခအေနအရ ကြ်န္မ အခြင့္အေရးကို ကြ်န္မ ကာကြယ္ဖို႔ဆိုရင္ အီရန္ကို မသြားဘဲေနမွ ျဖစ္မယ္လို႔ အသက္ ၂၉ ႏွစ္အရြယ္ ခ်န္ပီယံက ေဖ့စ္ဘုတ္မွာ ေရးသားထားပါတယ္။   

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခေါင်းမြီးခြုံခိုင်းလို့ အိန္ဒိယ စစ်တုရင် အကျော်အမော် အီရန်ဗိုလ်လုပွဲကို သပိတ်မှောက်

အိန္ဒိယ ထိပ်သီး စစ်တုရင် ချန်ပီယံ အမျိုးသမီးက အီရန်မှာ ကျင်းပမယ့် ချန်ပီယံဗိုလ်လုပွဲမှာ ခေါင်းမြီးခြုံရမယ်ဆိုလို့ ပြိုင်ပွဲကို သပိတ်မှောက်လိုက်ပါတယ်။

အငယ်တန်း အမျိုးသမီး ကမ္ဘာ့ချန်ပီယံဟောင်း ဆိုမြာ ဆွာမီနာသန်က ရှေ့လမှာ ကျင်းပမယ့် အာရှနိုင်ငံများ စစ်တုရင် ဖလားပွဲမှာ ခေါင်းမြီးခြုံရမယ်ဆိုတဲ့ ကန့်သတ်ချက်ဟာ သူ့ရဲ့ အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ပြောပါတယ်။

အီရန်ဥပဒေအရ ခေါင်းမြီး မဖြစ်မနေ ခြုံရမယ်ဆိုတာဟာ လွတ်လပ်စွာ တွေးတောခွင့်၊ ယုံကြည်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ အခြေခံ လူ့အခွင့်အရေးကို တိုက်ရိုက်ချိုးဖောက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ လက်ရှိ အခြေအနေအရ ကျွန်မ အခွင့်အရေးကို ကျွန်မ ကာကွယ်ဖို့ဆိုရင် အီရန်ကို မသွားဘဲနေမှ ဖြစ်မယ်လို့ အသက် ၂၉ နှစ်အရွယ် ချန်ပီယံက ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။

?bph6