မူးၿပီး ခရီးသည္ ၃၀၀ တင္ေဆာင္ ပ်ံသန္းဖို႔ လုပ္တဲ့ ေလယာဥ္မႉး ေထာင္က်

0
98

ေမာ္ေရးရွကို ခရီးသည္ ၃၀၀ တင္ေဆာင္ၿပီး ပ်ံသန္းဖို႔ အရက္မူးၿပီး ေရာက္လာတဲ့ ၿဗိတိသွ် ေလေၾကာင္းလိုင္း ေလယာဥ္မႉးကို ဖမ္းဆီးေထာင္ခ်လိုက္ပါတယ္။

ေတာင္အာဖရိက ကိပ္ေတာင္းမွာ ေနတဲ့ ဂ်ဴလီယန္ မိုနာဂန္ (၄၉ ႏွစ္) ဟာ ေထာင္ဒဏ္ ၈ လ က်ခံၿပီးေနာက္ ေတာင္အာဖရိကကို ျပန္သြားၿပီး အိမ္ၿခံေျမ ပြဲစားေတြအတြက္ ဒ႐ုန္းနဲ႔ ဓာတ္ပံု႐ိုက္ေပးတဲ့ အလုပ္လုပ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

မိုနာဂန္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလက စစ္ေဆးေရးဂိတ္မွာ စမ္းသပ္မႈ မေအာင္ျမင္ျဖစ္ၿပီးေနာက္ ဘိုးအင္း 777 ကို ေမာင္းခြင့္မျပဳဘဲ ရဲက ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။ သူဟာ ခရီးသည္ ၃၀၀ ကို တင္ေဆာင္ၿပီး လန္ဒန္ကေန ေမာ္ေရွ႕ရွကို ေမာင္းႏွင္ဖို႔ အရက္မူးၿပီး ေရာက္ရွိလာတာ ျဖစ္ပါတယ္။ သူဟာ ေလယာဥ္မပ်ံသန္းခင္ တစ္ေန႔လံုး ေလဆိပ္အနီးက ဟိုတယ္မွာ ေဗာ္ဒကာ ေသာက္ေနခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>

မူးပြီး ခရီးသည် ၃၀ဝ တင်ဆောင် ပျံသန်းတဲ့ လေယာဉ်မှူး ထောင်ကျ

မော်ရေးရှကို ခရီးသည် ၃၀ဝ တင်ဆောင်ပြီး ပျံသန်းဖို့ အရက်မူးပြီး ရောက်လာတဲ့ ဗြိတိသျှ လေကြောင်းလိုင်း လေယာဉ်မှူးကို ဖမ်းဆီးထောင်ချလိုက်ပါတယ်။

တောင်အာဖရိက ကိပ်တောင်းမှာ နေတဲ့ ဂျူလီယန် မိုနာဂန် (၄၉ နှစ်) ဟာ ထောင်ဒဏ် ၈ လ ကျခံပြီးနောက် တောင်အာဖရိကကို ပြန်သွားပြီး အိမ်ခြံမြေ ပွဲစားတွေအတွက် ဒရုန်းနဲ့ ဓာတ်ပုံရိုက်ပေးတဲ့ အလုပ်လုပ်ဖို့ မျှော်လင့်နေပါတယ်။

မိုနာဂန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စစ်ဆေးရေးဂိတ်မှာ စမ်းသပ်မှု မအောင်မြင်ဖြစ်ပြီးနောက် ဘိုးအင်း 777 ကို မောင်းခွင့်မပြုဘဲ ရဲက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ သူဟာ ခရီးသည် ၃၀ဝ ကို တင်ဆောင်ပြီး လန်ဒန်ကနေ မော်ရှေ့ရှကို မောင်းနှင်ဖို့ အရက်မူးပြီး ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူဟာ လေယာဉ်မပျံသန်းခင် တစ်နေ့လုံး လေဆိပ်အနီးက ဟိုတယ်မှာ ဗော်ဒကာ သောက်နေခဲ့တာ ဖြစ်ပါတယ်။

?bph6