
0
505




>>>>>>>>>>>>>>>>>>>>>>>>>>

ဘရာဇီးအသင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်မယ်လို့ တိုက်စစ်မှူး နေမာ မျှော်လင့်

ဘရာဇီးအသင်း တိုက်စစ်မှူး ဖြစ်သူ နေမာက ဘရာဇီးအသင်းအနေနဲ့ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားပြီး လက်ရှိမှာ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ ဘရာဇီးအသင်းဟာ အခုနှစ် ကမ္ဘာ့ဖလား အုပ်စုတွင်း ပွဲစဉ်အနေနဲ့တော့ လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ ဆွစ်ဇာလန်အသင်းနဲ့ အဖွင့်ပွဲစဉ်ကို စတင်ကစားရမှာ ဖြစ်ပါတယ်။
ဘရာဇီးအသင်း တိုက်စစ်မှူးဖြစ်သူ နေမာက သူတို့အသင်း အနေနဲ့ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ချန်ပီယံဆုကို ရရှိဖို့အတွက် ယုံကြည်မှုရှိရှိနဲ့ ကြိုးစား ကစားရမယ်လို့ပြောဆိုခဲ့ပါတယ်။ ဘရာဇီးအသင်းဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံဆု ရယူနိုင်မယ့် အသင်းတွေထဲမှာ ရေပန်း အစားဆုံး ဖြစ်နေပါတယ်။

?bph6