တ႐ုတ္အစိုးရက အေၾကြးစာရင္း ဒီပလိုေမစီ က်င့္သံုးေနတယ္လို႔ အစီရင္ခံစာက ေဖာ္ျပ

0
431

တ႐ုတ္အစိုးရဟာ အာရွနဲ႔ ပစိဖိတ္ ႏိုင္ငံေတြမွာ အေၾကြးေတြ ဘီလီယံနဲ႔ခ်ီ ေခ်းေပးၿပီး ႏိုင္ငံေရးအရ အသာစီးယူေနတယ္လို႔ အစီရင္ခံစာတစ္ေစာင္က ေဖာ္ျပလိုက္ပါတယ္။

တ႐ုတ္အစိုးရက “အေၾကြးစာရင္း ဒီပလိုေမစီ” အျဖစ္ ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံကို ပစ္မွတ္ထားေၾကာင္း ေတြ႔ရွိရၿပီး ပါကစၥတန္၊ ဂ်ီဘူတီနဲ႔ သီရိလကၤာ ႏိုင္ငံတို႔ဟာ အားအနည္းဆံုး ျဖစ္ေနတယ္လို႔ ဟားဗတ္တကၠသိုလ္က ပညာရွင္ ႏွစ္ဦးရဲ႕ လြတ္လပ္တဲ့ အစီရင္ခံစာက ေဖာ္ျပပါတယ္။

ေငြအမ်ားအျပား ေခ်းေပးၿပီးေနာက္ ျပန္ေပးရမယ့္ ပမာဏဟာ အလြန္မ်ားျပားၿပီး အေၾကြးယူတဲ့ ႏိုင္ငံေတြအေပၚမွာ တ႐ုတ္က မဟာဗ်ဴဟာနဲ႔ ႏိုင္ငံေရးအရ လႊမ္းမိုးမႈေတြလုပ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ အစီရင္ခံစာ ေဖာ္ျပပါတယ္။ တ႐ုတ္အစိုးရဟာ ဒီနည္းနဲ႔ အိႏၵိယသမုဒၵရာနဲ႔ ပစိတ္တစ္လႊား လြမ္းမိုးမႈ ခ်ဲ႕ထြင္ေနၿပီး အိႏၵိယနဲ႔ ၾသစေၾတးလ်ကို ဝိုင္းထားႏိုင္ေအာင္ လုပ္ေဆာင္ေနတယ္လုိ႔လည္း အစီရင္ခံစာက ေရးပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်အစိုးရက အကြွေးစာရင်း ဒီပလိုမေစီ ကျင့်သုံးနေတယ်လို့ အစီရင်ခံစာက ဖော်ပြ

တရုတ်အစိုးရဟာ အာရှနဲ့ ပစိဖိတ် နိုင်ငံတွေမှာ အကြွေးတွေ ဘီလီယံနဲ့ချီ ချေးပေးပြီး နိုင်ငံရေးအရ အသာစီးယူနေတယ်လို့ အစီရင်ခံစာတစ်စောင်က ဖော်ပြလိုက်ပါတယ်။

တရုတ်အစိုးရက “အကြွေးစာရင်း ဒီပလိုမေစီ” အဖြစ် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ပစ်မှတ်ထားကြောင်း တွေ့ရှိရပြီး ပါကစ္စတန်၊ ဂျီဘူတီနဲ့ သီရိလင်္ကာ နိုင်ငံတို့ဟာ အားအနည်းဆုံး ဖြစ်နေတယ်လို့ ဟားဗတ်တက္ကသိုလ်က ပညာရှင် နှစ်ဦးရဲ့ လွတ်လပ်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ငွေအများအပြား ချေးပေးပြီးနောက် ပြန်ပေးရမယ့် ပမာဏဟာ အလွန်များပြားပြီး အကြွေးယူတဲ့ နိုင်ငံတွေအပေါ်မှာ တရုတ်က မဟာဗျူဟာနဲ့ နိုင်ငံရေးအရ လွှမ်းမိုးမှုတွေလုပ်ဖို့ လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာ ဖော်ပြပါတယ်။ တရုတ်အစိုးရဟာ ဒီနည်းနဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိတ်တစ်လွှား လွမ်းမိုးမှု ချဲ့ထွင်နေပြီး အိန္ဒိယနဲ့ သြစတြေးလျကို ဝိုင်းထားနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း အစီရင်ခံစာက ရေးပါတယ်။

?bph6