အစၥေရး ေကာင္စစ္ဝန္ခ်ဳပ္ကို တူရကီက ယာယီ ႏွင္ထုတ္

0
70

ဂါဇာကမ္းေျမာင္မွာ အစၥေရးတပ္ေတြ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ပါလက္စတိုင္း ၆၀ ေသၿပီးေနာက္ အစၥတန္ဘူရွိ အစၥေရး ေကာင္စစ္ဝန္ခ်ဳပ္ကို အစၥေရးႏိုင္ငံ ယာယီျပန္ေနဖို႔ တူရကီ ႏိုင္ငံျခားဝန္ႀကီးဌာနက ေၾကညာပါတယ္။

ေဂ်႐ုစလမ္မွာ အေမရိကန္ သံ႐ံုးေရႊ႕ေျပာင္း ဖြင့္လွစ္လိုက္တဲ့ မေန႔ကစၿပီး ဆႏၵျပတဲ့ ပါလက္စတိုင္းေတြကို အစၥေရးတပ္ေတြက ျပင္းျပင္းထန္ထန္ ႏွိမ္နင္းတာကို ေဝဖန္မႈေတြ ရွိေနပါတယ္။

တူရကီက အစၥေရး သံအမတ္ကိုလည္း ႏွင္ထုတ္လိုက္ၿပီး တဲလ္အဗစ္နဲ႔ ဝါရွင္တန္ၿမိဳ႕က သံအမတ္ေတြကိုလည္း ျပန္လည္ ေခၚယူလိုက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစ္စရေး ကောင်စစ်ဝန်ချုပ်ကို တူရကီက ယာယီ နှင်ထုတ်

ဂါဇာကမ်းမြောင်မှာ အစ္စရေးတပ်တွေ ပစ်ခတ်နှိမ်နင်းမှုကြောင့် ပါလက်စတိုင်း ၆၀ သေပြီးနောက် အစ္စတန်ဘူရှိ အစ္စရေး ကောင်စစ်ဝန်ချုပ်ကို အစ္စရေးနိုင်ငံ ယာယီပြန်နေဖို့ တူရကီ နိုင်ငံခြားဝန်ကြီးဌာနက ကြေညာပါတယ်။

ဂျေရုစလမ်မှာ အမေရိကန် သံရုံးရွှေ့ပြောင်း ဖွင့်လှစ်လိုက်တဲ့ မနေ့ကစပြီး ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးတပ်တွေက ပြင်းပြင်းထန်ထန် နှိမ်နင်းတာကို ဝေဖန်မှုတွေ ရှိနေပါတယ်။

တူရကီက အစ္စရေး သံအမတ်ကိုလည်း နှင်ထုတ်လိုက်ပြီး တဲလ်အဗစ်နဲ့ ဝါရှင်တန်မြို့က သံအမတ်တွေကိုလည်း ပြန်လည် ခေါ်ယူလိုက်ပါတယ်။

?bph6