ၿဗိတိန္ တကၠသိုလ္ေတြမွာ စိတ္က်န္းမာေရး အကူအညီေပးဖို႔ လိုအပ္ေန

0
480

ၿဗိတိန္ႏိုင္ငံက တကၠသိုလ္ေတြမွာ ၂၀၁၅ ခုႏွစ္အတြင္း ေက်ာင္းသား ေက်ာင္းသူေတြ ကိုယ့္ကိုယ္ကို အဆံုးစီရင္မႈ ၁၃၄ မႈ ရွိခဲ့ၿပီး စံခ်ိန္တင္ အေရအတြက္ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းသံုးပတ္အတြင္း ဘရစၥတုိ တကၠသိုလ္မွာ ကိုယ့္ကိုယ္ကို သတ္ေသဖို႔ ႀကိဳးစားတဲ့ ေက်ာင္းသားေက်ာင္းသူ သံုးဦး ရွိခဲ့ပါတယ္။ ၿဗိတိန္မွာ လူငယ္ထုရဲ႕ ထက္ဝက္ဟာ တကၠသိုလ္ တက္ေရာက္ေနၿပီး အဲဒီထဲက ၇၅ ရာခိုင္ႏႈန္းဟာ အသက္ ၂၄ ႏွစ္မတိုင္ခင္ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ႀကံဳေတြ႔ေနၾကပါတယ္။

အစိုးရတာဝန္ရွိသူေတြကလည္း လူငယ္ေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ေျဖရွင္းေရး ကူညီဖို႔ ေနာက္ထပ္ စတာလင္ေပါင္ ၁ ဒသမ ၄ သန္း အသံုးျပဳဖို႔ တိုက္တြန္းထားပါတယ္။ ၂၀၁၅ ခုႏွစ္မွာ တကၠသိုလ္ေတြက ေက်ာင္းသား ေက်ာင္းသူေပါင္း ၁ ေသာင္းခြဲက သူတို႔ စိတ္ပိုင္းဆိုင္ရာ ျပႆနာ ရွိေနတယ္လို႔ ထုတ္ေဖာ္ေျပာဆိုၾကပါတယ္။ ၂၀၀၆ ခုႏွစ္တုန္းကထက္ ၅ ဆ ပိုမ်ားလာတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန် တက္ကသိုလ်တွေမှာ စိတ်ကျန်းမာရေး အကူအညီပေးဖို့ လိုအပ်နေ

ဗြိတိန်နိုင်ငံက တက္ကသိုလ်တွေမှာ ၂၀၁၅ ခုနှစ်အတွင်း ကျောင်းသား ကျောင်းသူတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ၁၃၄ မှု ရှိခဲ့ပြီး စံချိန်တင် အရေအတွက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း ဘရစ္စတို တက္ကသိုလ်မှာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတဲ့ ကျောင်းသားကျောင်းသူ သုံးဦး ရှိခဲ့ပါတယ်။ ဗြိတိန်မှာ လူငယ်ထုရဲ့ ထက်ဝက်ဟာ တက္ကသိုလ် တက်ရောက်နေပြီး အဲဒီထဲက ၇၅ ရာခိုင်နှုန်းဟာ အသက် ၂၄ နှစ်မတိုင်ခင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့နေကြပါတယ်။

အစိုးရတာဝန်ရှိသူတွေကလည်း လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြေရှင်းရေး ကူညီဖို့ နောက်ထပ် စတာလင်ပေါင် ၁ ဒသမ ၄ သန်း အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ တက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူပေါင်း ၁ သောင်းခွဲက သူတို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုကြပါတယ်။ ၂၀ဝ၆ ခုနှစ်တုန်းကထက် ၅ ဆ ပိုများလာတာ ဖြစ်ပါတယ်။

?bph6