သီရိလကၤာမွာ ၿဗိတိန္ ရပ္ဂ္ဘီကစားသမား ႏွစ္ဦး အသက္႐ႈက်ပ္ ေသဆံုး

0
467

သီရိလကၤာကို ခရီးစဥ္သြားေနတဲ့ ၿဗိတိန္ အေပ်ာ္တမ္း ရပ္ဂ္ဘီ ကစားသမား ႏွစ္ဦးဟာ အသက္႐ႈက်ပ္ၿပီး ေသဆံုးသြားပါတယ္။

အဂၤလန္ႏို္င္ငံ၊ ဒါဟမ္းၿမိဳ႕က ေသာမတ္ ေဟာင္းဝပ္ (၂၅ ႏွစ္) နဲ႔ ေသာမတ္ ဘတ္တီ (၂၆ ႏွစ္) တို႔ဟာ ကိုလံဘိုၿမိဳ႕ရွိ ႏိုက္ကကလပ္တစ္ခုကို ေမလ ၁၃ ရက္ေန႔ညက သြားေရာက္ၿပီးေနာက္ ဟိုတယ္ အျပန္မွာ အသက္႐ႈက်ပ္လာတာေၾကာင့္ ေဆး႐ံုကို ပို႔ခဲ့ရပါတယ္။

သူတို႔ဟာ ကလင္မ္ ပိုင္းရိတ္ ရပ္ဂ္ဘီအသင္းနဲ႔အတူ သီရိလကၤာကို ေရာက္ရွိေနၾကတာ ျဖစ္ပါတယ္။ ခရီးစဥ္ကို စီစဥ္တဲ့ ဒါဟမ္းၿမိဳ႕ ရပ္ဂ္ဘီအသင္းကေတာ့ ကစားသမား ႏွစ္ေယာက္ဟာ ရပ္ဂ္ဘီကစားနည္းနဲ႔ မသက္ဆိုင္တဲ့ အသက္႐ႈက်ပ္မႈ ျပႆနာ ျဖစ္ေပၚခဲ့တာ ျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။     

ေသဆံုးမႈနဲ႔ ပတ္သက္လို႔ ရွင္းလင္းျခင္း မရွိေသးပါဘူး။ ေဟာင္းဝပ္ကို ရင္ခြဲစစ္ေဆးရာမွာေတာ့ ဘာေရာဂါလကၡဏမွာ မေတြ႔ရဘူးလို႔ ရဲက ေျပာပါတယ္။ ကစားသမားေတြ ေနာက္ဆံုး ဘာေတြလုပ္ခဲ့သလဲ ဆန္းစစ္ဖို႔ CCTV ကင္မရာေတြကို ျပန္လည္ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

သီရိလင်္ကာမှာ ဗြိတိန် ရပ်ဂ်ဘီကစားသမား နှစ်ဦး အသက်ရှုကျပ် သေဆုံး

သီရိလင်္ကာကို ခရီးစဉ်သွားနေတဲ့ ဗြိတိန် အပျော်တမ်း ရပ်ဂ်ဘီ ကစားသမား နှစ်ဦးဟာ အသက်ရှုကျပ်ပြီး သေဆုံးသွားပါတယ်။

အင်္ဂလန်နိ်ုင်ငံ၊ ဒါဟမ်းမြို့က သောမတ် ဟောင်းဝပ် (၂၅ နှစ်) နဲ့ သောမတ် ဘတ်တီ (၂၆ နှစ်) တို့ဟာ ကိုလံဘိုမြို့ရှိ နိုက်ကကလပ်တစ်ခုကို မေလ ၁၃ ရက်နေ့ညက သွားရောက်ပြီးနောက် ဟိုတယ် အပြန်မှာ အသက်ရှုကျပ်လာတာကြောင့် ဆေးရုံကို ပို့ခဲ့ရပါတယ်။

သူတို့ဟာ ကလင်မ် ပိုင်းရိတ် ရပ်ဂ်ဘီအသင်းနဲ့အတူ သီရိလင်္ကာကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ခရီးစဉ်ကို စီစဉ်တဲ့ ဒါဟမ်းမြို့ ရပ်ဂ်ဘီအသင်းကတော့ ကစားသမား နှစ်ယောက်ဟာ ရပ်ဂ်ဘီကစားနည်းနဲ့ မသက်ဆိုင်တဲ့ အသက်ရှုကျပ်မှု ပြဿနာ ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်လို့ ရှင်းလင်းခြင်း မရှိသေးပါဘူး။ ဟောင်းဝပ်ကို ရင်ခွဲစစ်ဆေးရာမှာတော့ ဘာရောဂါလက္ခဏမှာ မတွေ့ရဘူးလို့ ရဲက ပြောပါတယ်။ ကစားသမားတွေ နောက်ဆုံး ဘာတွေလုပ်ခဲ့သလဲ ဆန်းစစ်ဖို့ CCTV ကင်မရာတွေကို ပြန်လည် စစ်ဆေးနေပါတယ်။

?bph6