
0
429




>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိုဒီဂလျာနီရဲ့ ပန်းချီကား ဒေါ်လာ ၁၅၇ သန်းနဲ့ လေလံတင် ရောင်းချ

မိုဒီဂလျာနီရဲ့ အဝတ်မဲ့ အမျိုးသမီးပုံ ပန်းချီကားတွေကို ၁၉၁၇ ခုနှစ်မှာ ပြပွဲလုပ်စဉ်က မသင့်တော်ဘူးဆိုပြီး ရဲက ပြပွဲကို ပိတ်ခိုင်းခဲ့ဖူးပါတယ်။

ရာစုနှစ်တစ်ခု ကြာပြီးတဲ့နောက်မှာတော့ မိုဒီဂလျာနီရဲ့ Nu couche ပန်းချီကားကို အမေရိကန်၊ နယူးယောက်မြို့မှာ စံချိန်တင် ဈေးနှုန်းဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၁၅၇ ဒသမ ၂ သန်းနဲ့ လေလံတင် ရောင်းချခဲ့ရပါတယ်။ ပန်းချီကား အရင်ပိုင်ရှင်က အမေရိကန်နိုင်ငံသား ဖြစ်ပြီး ဒီပန်းချီကားကို ၂၀ဝ၃ ခုနှစ်တုန်းက ဒေါ်လာ ၂၆ ဒသမ ၉ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

အီတလီဇာတိဖွား ပန်းချီကျော် မိုဒီဂလျာနီဟာ ၁၉၁၆ ခုနှစ်နဲ့ ၁၉၁၉ ခုနှစ်ကြားမှာ လှဲလျောင်းနေတဲ့ အဝတ်မဲ့ အမျိုးသမီးကား ၂၂ ကားနဲ့ ထိုင်နေတဲ့ အဝတ်မဲ့ အမျိုးသမီးကား ၁၃ ကား ရေးဆွဲခဲ့ပါတယ်။

?bph6