တကျော့ပြန် အီဘိုလာရောဂါကြာင့် ကွန်ဂိုမှာ ၁၇ ဦးသေဆုံး

0
114




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တကျော့ပြန် အီဘိုလာရောဂါကြောင့် ကွန်ဂိုမှာ ၁၇ ဦးသေဆုံး

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ တကျော့ပြန် ဖြစ်လာတဲ့ အီဘိုလာရောဂါကြောင့် ၁၇ ဦး သေဆုံးပြီးနောက် ကပ်ရောဂါသဖွယ် ထပ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ကွန်ဂိုနိုင်ငံအတွင်းမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးရှိပြီး နောက်ထပ် ၂၁ ဦးကတော့ သံသယရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အီကွာတာ ပြည်နယ်မှာ ၅ ပတ်အတွင်း လူ ၁၇ ဦး သေဆုံးခဲ့တာဖြစ်ပြီး အခု အီဘိုလာရောဂါ ထပ်ဖြစ်မှုဟာ မြို့တော် ကင်ရှာဆာ မြောက်ဘက် ၃၂၄ မိုင်အကွာ ဘီကိုရိုဆိုတဲ့ မြို့ အနောက်မြောက်ပိုင်းမှာ ဖြစ်ပါတယ်။

အီဘိုလာရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံ ၆ နိုင်ငံမှာ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၀ဝ၀ လောက် သေဆုံးခဲ့ပါတယ်။

?bph6