
0
416




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီးချုပ်ရုံးမှာ အလုပ်လုပ်သူ ကလေးသူငယ် လိင်အမြတ်ထုတ်မှုနဲ့ အရေးယူခံရ

သြစတြေးလျ ဝန်ကြီးချုပ်နဲ့ ကက်ဘိနက်ရုံးမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတစ်ဦးဟာ ကလေးသူငယ် လိင်အမြတ်ထုတ်မှုနဲ့ အရေးယူခံရတယ်လို့ ရဲက ပြောပါတယ်။

အသက် ၅၀ ဝန်းကျင် အရွယ်ရှိ ဝန်ထမ်းကို မြောက်ပိုင်း နယ်မြေ ရဲတပ်ဖွဲ့က ဒီသီတင်းပတ်အတွင်း ဖမ်းဆီးလိုက်ပြီး အလုပ်ကနေလည်း ဆိုင်းငံ့ထားလိုက်တယ်လို့ ဝန်ကြီးချုပ်ရုံး အကြီးအကဲ မာတင် ပါကင်ဆန်က ပြောပါတယ်။

ဘယ်လို မတရားပြုလုပ်မှုဖြစ်စေ၊ အထူးသဖြင့် ကလေးသူငယ်တွေအပေါ် မတရားပြုလုပ်မှုမျိုးကို သြစတြေးလျ ပြည်သူ့ဝန်ဆောင်မှု ဌာနအနေနဲ့ လုံးဝ သည်းခံမှာ မဟုတ်ကြောင်း၊ အကာအကွယ်ပေးဖို့ လိုအပ်နေသူတွေ အားလုံးနဲ့ အလုပ်လုပ်တဲ့အခါ သင့်လျော်တဲ့ လုပ်ငန်းခွင် အလေ့အထကို သေချာလုပ်ဖို့ ဆုံးဖြတ်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ပါကင်ဆန်က ပြောပါတယ်။

?bph6