မူးယစ္ေဆး တိုက္ဖ်က္မႈမွာ တ႐ုတ္နဲ႔ လက္တြဲ လုပ္ေဆာင္မယ္လို႔ ဖိလစ္ပိုင္ သမၼတ ေျပာ

0
605

တရားမဝင္ မူးယစ္ေဆး၊ အၾကမ္းဖက္မႈနဲ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေတြမွာ ဖိလစ္ပိုင္နဲ႔ တ႐ုတ္ဟာ ေရွ႕တန္းမွာ ညီညြတ္စြာ ရွိေနမယ္လို႔ ေဘဂ်င္းၿမိဳ႕မွာ က်င္းပတဲ့ ကမာၻ႔စီးပြားေရး ဖိုရမ္ ဖြင့္ပြဲမွာ ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက ေျပာပါတယ္။

ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိမယ့္ကိစၥ၊ အျပဳသေဘာေဆာင္တဲ့ ကိစၥေတြမွာ ႐ႈပ္ေထြးတဲ့ ဆက္ဆံေရးမွာ အတားအဆီး မရွိတာကို ဖိလစ္ပိုင္က ျပေနတာ ျဖစ္ေၾကာင္း၊ ရာဇဝတ္မႈေတြနဲ႔ မူးယစ္ေဆး ေရာင္းဝယ္ေဖာက္ကားမႈ တိုက္ဖ်က္ေရးမွာ တ႐ုတ္နဲ႔ အတူရပ္တည္မွာ ျဖစ္ေၾကာင္း ဒူတာေတးက အာရွ ဘုိအာအို ဖိုရမ္မွာ ေျပာသြားပါတယ္။

အေမရိကန္နဲ႔ မဟာမိတ္ျဖစ္တဲ့ ဖိလစ္ပိုင္နဲ႔ တ႐ုတ္ဆက္ဆံေရးဟာ ၂၀၁၆ ခုႏွစ္ ဒူတာေတး သမၼတ တာဝန္ယူခ်ိန္ကစၿပီး တိုးတက္လာပါတယ္။ ဖိလစ္ပိုင္မွာ ေဘဂ်င္းအေနနဲ႔ ေဒၚလာ ဘီလီယံခ်ီတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ဆက္ရွိေအာင္ မနီလာက ဆြဲေဆာင္ထားႏိုင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေး တိုက်ဖျက်မှုမှာ တရုတ်နဲ့ လက်တွဲ လုပ်ဆောင်မယ်လို့ ဖိလစ်ပိုင် သမ္မတ ပြော

တရားမဝင် မူးယစ်ဆေး၊ အကြမ်းဖက်မှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေမှာ ဖိလစ်ပိုင်နဲ့ တရုတ်ဟာ ရှေ့တန်းမှာ ညီညွတ်စွာ ရှိနေမယ်လို့ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ် ဖွင့်ပွဲမှာ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောပါတယ်။

နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်ကိစ္စ၊ အပြုသဘောဆောင်တဲ့ ကိစ္စတွေမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးမှာ အတားအဆီး မရှိတာကို ဖိလစ်ပိုင်က ပြနေတာ ဖြစ်ကြောင်း၊ ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးမှာ တရုတ်နဲ့ အတူရပ်တည်မှာ ဖြစ်ကြောင်း ဒူတာတေးက အာရှ ဘိုအာအို ဖိုရမ်မှာ ပြောသွားပါတယ်။

အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ တရုတ်ဆက်ဆံရေးဟာ ၂၀၁၆ ခုနှစ် ဒူတာတေး သမ္မတ တာဝန်ယူချိန်ကစပြီး တိုးတက်လာပါတယ်။ ဖိလစ်ပိုင်မှာ ဘေဂျင်းအနေနဲ့ ဒေါ်လာ ဘီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ရှိအောင် မနီလာက ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

?bph6