ႏိုင္ငံေရး အက်ဥ္းသားေတြကို လႊတ္ေပးဖို႔ ဆူဒန္ သမၼတ အမိန္႔ေပး

0
53

အစိုးရ ဆန္႔က်င္ေရး ဆႏၵျပပြဲမွာ ႏိုင္ငံေရးနဲ႔ ဆက္ႏႊယ္ၿပီး ဖမ္းဆီးထိန္းသိမ္းထားသူ အမ်ားအျပားကို လႊတ္ေပးဖို႔ ဆူဒန္သမၼတ အိုမာ အယ္လ္ ဘာရွားက မေန႔က ဧၿပီ ၁၀ မွာ အမိန္႔ေပးလိုက္ပါတယ္။

ႏိုင္ငံရဲ႕ ရည္မွန္းခ်က္ ေအာင္ျမင္ဖို႔ အျပဳသေဘာ ပတ္ဝန္းက်င္ တည္ေဆာက္ေရး ႏိုင္ငံေရးပါတီေတြအၾကား ၿငိမ္းခ်မ္းေရးနဲ႔ အတူယွဥ္တြဲ ေနထိုင္ေရး တိုးတက္ဖို႔ ရည္ရြယ္ခ်က္နဲ႔ ႏိုင္ငံတစ္ဝန္း ဖမ္းဆီးထားသူေတြကို လႊတ္ေပးဖို႔ အမိန္႔ ဒီကရီေပးလိုက္တာ ျဖစ္ပါတယ္။

ထိန္းသိမ္းထားသူ ဘယ္ႏွဦး လႊတ္ေပးမယ္၊ ဆႏၵျပပြဲ မတိုင္ခင္က ထိန္းသိမ္းထားသူေတြလည္း လႊတ္ေပးမယ့္အထဲ ပါ၊ မပါကိုေတာ့ အတိအက် မသိရေသးပါဘူး။ ႏိုင္ငံေရးေၾကာင့္ ဖမ္းထားသူ ၂၀၀ ေက်ာ္ ရွိတယ္လို႔ ခန္႔မွန္းၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆူဒန် သမ္မတ အမိန့်ပေး

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူ အများအပြားကို လွှတ်ပေးဖို့ ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှားက မနေ့က ဧပြီ ၁၀ မှာ အမိန့်ပေးလိုက်ပါတယ်။

နိုင်ငံရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ အပြုသဘော ပတ်ဝန်းကျင် တည်ဆောက်ရေး နိုင်ငံရေးပါတီတွေအကြား ငြိမ်းချမ်းရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေး တိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတစ်ဝန်း ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ အမိန့် ဒီကရီပေးလိုက်တာ ဖြစ်ပါတယ်။

ထိန်းသိမ်းထားသူ ဘယ်နှဦး လွှတ်ပေးမယ်၊ ဆန္ဒပြပွဲ မတိုင်ခင်က ထိန်းသိမ်းထားသူတွေလည်း လွှတ်ပေးမယ့်အထဲ ပါ၊ မပါကိုတော့ အတိအကျ မသိရသေးပါဘူး။ နိုင်ငံရေးကြောင့် ဖမ်းထားသူ ၂၀ဝ ကျော် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

?bph6