လာဘ္စားမႈေၾကာင့္ တ႐ုတ္ ဒုတိယ ၿမိဳ႕ေတာ္ဝန္ေဟာင္းကုိ ေသဒဏ္ေပး

0
798

တ႐ုတ္ႏုိင္ငံ၊ လက္ဗလီယန္ေဒသရဲ႕ ဒုတိယ ၿမိဳ႕ေတာ္ဝန္ေဟာင္း က်န္ ေဇာင္ရွင္ကို အက်င့္ပ်က္လာဘ္စားမႈနဲ႔ ပတ္သက္လို႔ စံုစမ္းစစ္ေဆးၿပီးေနာက္ ေသဒဏ္ေပးလုိက္တယ္လို႔ တ႐ုတ္မီဒီယာေတြက ေဖာ္ျပပါတယ္။

ဒုတိယ ၿမိဳ႕ေတာ္ဝန္ေဟာင္းဟာ တ႐ုတ္ယြမ္ ၁ ဘီလီယံ လာဘ္စားခဲ့တယ္လို႔ စြပ္စြဲခံရၿပီးေနာက္ ၂၀၁၄ ခုႏွစ္ ေမလမွာ သူရဲ႕ အမႈကို စတင္စစ္ေဆးခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ သူ႔အေနနဲ႔ သတ္မွတ္ထားတဲ့ စည္းကမ္းေတြကို ခိ်ဳးေဖာက္ခဲ့တယ္လို႔ သံသယရွိတဲ့အတြက္ ၂၀၁၆ ခုႏွစ္မွာ ဖမ္းဆီးခဲ့ၿပီး ထပ္မံ စစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။

ၿမိဳ႕ေတာ္ဝန္ေဟာင္း တ႐ုတ္ႏိုင္ငံနဲ႔ ျပည္သူေတြအတြက္ ဆံုး႐ံႈးမႈေတြ ျဖစ္ေအာင္ လုပ္ေဆာင္တယ္လို႔ စြပ္စြဲခံခဲ့ရပါတယ္။ ဒုတိယ ၿမိဳ႕ေတာ္ဝန္ေဟာင္းဟာ ေဒသတြင္းရွိ ေက်ာက္မီးေသြး လုပ္ငန္းေတြမွာ ေက်ာက္မီးေသြး လုပ္ငန္းေတြမွာ လာဘ္ေငြရယူၿပီး စီမံကိန္းေတြကို ခြင္ျပဳခဲ့တယ္လုိ႔ စြပ္စြဲခံရတာ ျဖစ္ပါတယ္

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လာဘ်စားမှုကြောင့် တရုတ် ဒုတိယ မြို့တော်ဝန်ဟောင်းကို သေဒဏ်ပေး

တရုတ်နိုင်ငံ၊ လက်ဗလီယန်ဒေသရဲ့ ဒုတိယ မြို့တော်ဝန်ဟောင်း ကျန် ဇောင်ရှင်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီးနောက် သေဒဏ်ပေးလိုက်တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

ဒုတိယ မြို့တော်ဝန်ဟောင်းဟာ တရုတ်ယွမ် ၁ ဘီလီယံ လာဘ်စားခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ၂၀၁၄ ခုနှစ် မေလမှာ သူရဲ့ အမှုကို စတင်စစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် ၂၀၁၆ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး ထပ်မံ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

မြို့တော်ဝန်ဟောင်း တရုတ်နိုင်ငံနဲ့ ပြည်သူတွေအတွက် ဆုံးရှုံးမှုတွေ ဖြစ်အောင် လုပ်ဆောင်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒုတိယ မြို့တော်ဝန်ဟောင်းဟာ ဒေသတွင်းရှိ ကျောက်မီးသွေး လုပ်ငန်းတွေမှာ ကျောက်မီးသွေး လုပ်ငန်းတွေမှာ လာဘ်ငွေရယူပြီး စီမံကိန်းတွေကို ခွင်ပြုခဲ့တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်