၁၇ ဦးေသတဲ့ စာသင္ေက်ာင္း ပစ္ခတ္မႈ က်ဴးလြန္သူကို ေသဒဏ္ေပးဖုိ႔ႀကိဳးပမ္း

0
683

ၿပီးခဲ့တဲ့လက ဖေလာ္ရီဒါျပည္နယ္မွာ ေက်ာင္းသား ေက်ာင္းသူနဲ႔ ဆရာ ၁၇ ဦးေသဆံုးေအာင္ ေသနတ္နဲ႔ ပစ္ခတ္ခဲ့တဲ့ လူငယ္ကို ေသဒဏ္အျပစ္ေပးႏိုင္ဖုိ႔ အေမရိကန္ အစိုးရေရွ႕ေနေတြက ႀကိဳးပမ္းေနပါတယ္။

အသက္ ၁၉ ႏွစ္ အရြယ္ နီကိုလပ္ ခ႐ုဇ္က သူတုိက္ခုိက္ခဲ့တာကို ဝန္ခံထားၿပီး ႀကိဳတင္စီစဥ္ထားတဲ့ လူသတ္မႈ အပါအဝင္ တုိက္ခုိက္မႈအတြက္  စြဲခ်က္ ၁၇ ခု အတင္ခံထားရပါတယ္။

ဖေလာ္ရီဒါျပည္နယ္၊ ပါ့ခ္လန္းရွိ မေဂ်ာ္ရတီ စတုန္းမန္း ေဒါက္ဂလပ္စ္ အထက္တန္းေက်ာင္းမွာ ၿပီးခဲ့တဲ့လက ေသနတ္ပစ္ခတ္မႈ ျဖစ္ခဲ့ရာ အဲဒီတုိက္ခုိက္မႈဟာ ၂၀၁၂ ခုႏွစ္ ေနာက္ပိုင္း အေမရိကန္ စာသင္ေက်ာင္းေတြမွာ ျဖစ္ခဲ့တဲ့ ေသနတ္ပစ္ခတ္မႈေတြထဲမွာ လူေသဆံုးမႈ အမ်ားဆံုး ျဖစ္ခဲ့ရပါတယ္။

အေမရိကန္ အစိုးရေရွ႕ေနေတြက ေသဒဏ္ေပးႏုိင္ေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး ရက္စြာသတ္ျဖတ္တဲ့ ရာဇဝတ္မႈ ဆုိတာကို သက္ေသျပမယ္လို႔ ေျပာခဲ့ပါတယ္။ ျပင္းထန္ဆုိးရြားတဲ့ ျပစ္မႈကို ေသြးေအးစြာ က်ဴးလြန္ခဲ့တာျဖစ္ၿပီး မရွိဘဲ ႀကိဳတင္ ႀကံစည္ထားတဲ့အတုိင္း လုပ္ေဆာင္သြားတဲ့ အျပဳမႈမိ်ဳး ျဖစ္တယ္လို႔ အေမရိကန္ အစိုးရေရွ႕ေနေတြက ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>

၁၇ ဦးသေတဲ့ စာသင်ကျောင်း ပစ်ခတ်မှု ကျူးလွန်သူကို သေဒဏ်ပေးဖို့ကြိုးပမ်း

ပြီးခဲ့တဲ့လက ဖလော်ရီဒါပြည်နယ်မှာ ကျောင်းသား ကျောင်းသူနဲ့ ဆရာ ၁၇ ဦးသေဆုံးအောင် သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ လူငယ်ကို သေဒဏ်အပြစ်ပေးနိုင်ဖို့ အမေရိကန် အစိုးရရှေ့နေတွေက ကြိုးပမ်းနေပါတယ်။

အသက် ၁၉ နှစ် အရွယ် နီကိုလပ် ခရုဇ်က သူတိုက်ခိုက်ခဲ့တာကို ဝန်ခံထားပြီး ကြိုတင်စီစဉ်ထားတဲ့ လူသတ်မှု အပါအဝင် တိုက်ခိုက်မှုအတွက် စွဲချက် ၁၇ ခု အတင်ခံထားရပါတယ်။

ဖလော်ရီဒါပြည်နယ်၊ ပါ့ခ်လန်းရှိ မဂျော်ရတီ စတုန်းမန်း ဒေါက်ဂလပ်စ် အထက်တန်းကျောင်းမှာ ပြီးခဲ့တဲ့လက သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ရာ အဲဒီတိုက်ခိုက်မှုဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်း အမေရိကန် စာသင်ကျောင်းတွေမှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုတွေထဲမှာ လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့ရပါတယ်။

အမေရိကန် အစိုးရရှေ့နေတွေက သေဒဏ်ပေးနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး ရက်စွာသတ်ဖြတ်တဲ့ ရာဇဝတ်မှု ဆိုတာကို သက်သေပြမယ်လို့ ပြောခဲ့ပါတယ်။ ပြင်းထန်ဆိုးရွားတဲ့ ပြစ်မှုကို သွေးအေးစွာ ကျူးလွန်ခဲ့တာဖြစ်ပြီး မရှိဘဲ ကြိုတင် ကြံစည်ထားတဲ့အတိုင်း လုပ်ဆောင်သွားတဲ့ အပြုမှုမျိုး ဖြစ်တယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောထားပါတယ်။

?bph6