တရုတ္ႏိုင္ငံသား ၁၀၀ ကို ကေမာၻဒီးယားဖမ္းဆီး

0
392

ကေမာၻဒီးယားရဲတပ္ဖြဲ႔ ဟာမတ္လ ၁၂ ရက္ေန႔က  အြန္လုိင္းကေန တစ္ဆင့္ လိမ္လည္မႈေတြ လုပ္တယ္လို႔ သံသယရွိတဲ့ တရုတ္ ႏုိင္ငံသား  ၁၀၀ ကို ဖမ္းဆီးလုိ္က္တယ္လုိ႔ေဒသခံမီဒီယာေတြကေဖာ္ျပပါတယ္။

ဖႏြမ္းပင္ၿမိဳ႕ရွိ  ၇ ထပ္တုိက္အေဆာက္အဦးမွာအမ်ိဳးသား ၈၁ ဦးနဲ႔ အမ်ိဳးသမီး ၁၉ ဦးကိုဖမ္းဆီးခဲ့တာလို႔ ကေမာၻဒီးယား  လူဝင္မႈႀကီးၾကပ္ေရး အႀကီးအကဲကေျပာပါတယ္။ အဲဒီဖမ္းဆီးထားတဲ့တရုတ္ႏုိင္ငံသားေတြကို ႏုိင္ငံထဲကေနႏွင့္ထုတ္မထုတ္ဆုိတာမသိရေသးဘူးလို႔ ကေမာၻဒီးယားလူဝင္မႈႀကီးၾကပ္ေရးအႀကီးအကဲ ကေျပာပါတယ္။

 ကေမာၻဒီးယားအစိုးရ ဟာ ၿပီးခဲ့တဲ့ႏွစ္ကလည္း  အြန္လုိင္း၊ ဆက္သြယ္ေရးကိုအသံုးခ်ၿပီးလိမ္ညာမႈလုပ္ခဲ့တဲ့တရုတ္ႏိုင္ငံသားရာခ်ီကိုဖမ္းဆီးမႈေတြလုပ္ခဲ့ဖူးပါတယ္။   

 

ကေမာၻဒီးယားႏုိင္ငံမွာ အြန္လိုင္းကိုအသံုးခ်ၿပီး အေမရိကန္ေဒၚလာဘီလီယံခ်ီ လိမ္လည္မႈေတြျဖစ္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အြန္လုိင္းက တဆင့္ လိမ္လည္မႈလုပ္ေဆာင္သူေတြကို အရွိန္ျမင့္ဖမ္းဆီးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နိုင်ငံသား ၁၀ဝ ကို ကမ္ဘောဒီးယားဖမ်းဆီ း

ကမ္ဘောဒီးယားရဲတပ်ဖွဲ့ ဟာမတ်လ ၁၂ ရက်နေ့က အွန်လိုင်းကနေ တစ်ဆင့် လိမ်လည်မှုတွေ လုပ်တယ်လို့ သံသယရှိတဲ့ တရုတ် နိုင်ငံသား ၁၀ဝ ကို ဖမ်းဆီးလိ်ုက်တယ်လို့ဒေသခံမီဒီယာတွေကဖော်ပြပါတယ်။
ဖနွမ်းပင်မြို့ရှိ ၇ ထပ်တိုက်အဆောက်အဦးမှာအမျိုးသား ၈၁ ဦးနဲ့ အမျိုးသမီး ၁၉ ဦးကိုဖမ်းဆီးခဲ့တာလို့ ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေး အကြီးအကဲကပြောပါတယ်။ အဲဒီဖမ်းဆီးထားတဲ့တရုတ်နိုင်ငံသားတွေကို နိုင်ငံထဲကနေနှင့်ထုတ်မထုတ်ဆိုတာမသိရသေးဘူးလို့ ကမ္ဘောဒီးယားလူဝင်မှုကြီးကြပ်ရေးအကြီးအကဲ ကပြောပါတယ်။
ကမ္ဘောဒီးယားအစိုးရ ဟာ ပြီးခဲ့တဲ့နှစ်ကလည်း အွန်လိုင်း၊ ဆက်သွယ်ရေးကိုအသုံးချပြီးလိမ်ညာမှုလုပ်ခဲ့တဲ့တရုတ်နိုင်ငံသားရာချီကိုဖမ်းဆီးမှုတွေလုပ်ခဲ့ဖူးပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ အွန်လိုင်းကိုအသုံးချပြီး အမေရိကန်ဒေါ်လာဘီလီယံချီ လိမ်လည်မှုတွေဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်တွေမှာ အွန်လိုင်းက တဆင့် လိမ်လည်မှုလုပ်ဆောင်သူတွေကို အရှိန်မြင့်ဖမ်းဆီးခဲ့ပါတယ်။

?bph6