ေရႊေျပာင္းအလုပ္သမားေတြ အတြက္ ခ်မွတ္မယ့္ ျပစ္ဒဏ္ကိုိထုိင္း အစိုးရ ေလွ်ာ့ခ်ေပးဖြယ္ရွိ

0
647

ထိုင္းအစိုးရဟာ တရားဝင္အေထာက္ထားမရွိတဲ့ အလုပ္သမားေတြနဲ႔ ပတ္သက္ၿပီး အလုပ္သမားေတြကို ျပစ္ဒဏ္ေပးတာေလွ်ာ့ဖို႔ စီစဥ္ေနတယ္လို႔ ထုိင္းသတင္းေတြကေဖာ္ျပခဲ့ပါတယ္။

ထိုင္းအစိုးရ ဟာ ၿပီးခဲ့တဲ့ ႏွစ္က ေရႊေျပာင္း အလုပ္သမားေတြနဲ႔ ပတ္သက္ၿပီးတင္းၾကပ္တဲ့ဥပေဒေတြ ထုတ္ျပန္ခဲ့ရာ အလုပ္သမားအမ်ားစု အခက္ခဲျဖစ္ေစခဲ့ပါတယ္။

အဲဒီအသစ္သတ္မွတ္လိုက္တဲ့ ဥပေဒကို  လက္ရွိအခ်ိန္မွာ ဆုိင္းငံထားၿပီး အဲဒီဥပေဒ ျပန္လည္အသံုးျပဳခ်ိန္မွာလည္း  အလုပ္သမားေတြအေပၚ ေပးမယ့္ ျပစ္ဒဏ္ေတြကို ေလွ်ာ့ခ်ဖြယ္ရွိေနတယ္လို႔ ေရႊေျပာင္း အလုပ္သမားအေရးလုပ္ေဆာင္သူေတြကေျပာပါတယ္။

 ထိုင္း အစိုးရ ဟာ တရားမဝင္ေရႊေျပာင္း အလုပ္သမားခန္႔တဲ့သူေတြကို ဒဏ္ေငြအျဖစ္ ထိုင္းဘတ္  ၄ သိန္းနဲ႔ ၈ သိန္းၾကား ခ်မွတ္မႈကေန ေလွ်ာ့ခ်ေပးသြားမယ္လို႔ေရႊေျပာင္း အလုပ္သမားအေရးလုပ္ကိုင္သူေတြကေျပာပါတယ္။

 တရားဝင္အေထာက္ထားမရွိဘဲအလုပ္ လုပ္ေနတဲ့အလုပ္သမားေတြကိုလည္း ျပစ္ဒဏ္ ၅ ႏွစ္ ခ်ဖို႔ သတ္မွတ္ထားရာကေန ျပစ္ဒဏ္ ၁ ႏွစ္ ေျပာင္းလဲခ်မွတ္ဖြယ္ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေပြောင်းအလုပ်သမားတွေ အတွက် ချမှတ်မယ့် ပြစ်ဒဏ်ကိိုထိုင်း အစိုးရ လျှော့ချပေးဖွယ်ရှိ

ထိုင်းအစိုးရဟာ တရားဝင်အထောက်ထားမရှိတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေကို ပြစ်ဒဏ်ပေးတာလျှော့ဖို့ စီစဉ်နေတယ်လို့ ထိုင်းသတင်းတွေကဖော်ပြခဲ့ပါတယ်။

ထိုင်းအစိုးရ ဟာ ပြီးခဲ့တဲ့ နှစ်က ရွှေပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတင်းကြပ်တဲ့ဥပဒေတွေ ထုတ်ပြန်ခဲ့ရာ အလုပ်သမားအများစု အခက်ခဲဖြစ်စေခဲ့ပါတယ်။

အဲဒီအသစ်သတ်မှတ်လိုက်တဲ့ ဥပဒေကို လက်ရှိအချိန်မှာ ဆိုင်းငံထားပြီး အဲဒီဥပဒေ ပြန်လည်အသုံးပြုချိန်မှာလည်း အလုပ်သမားတွေအပေါ် ပေးမယ့် ပြစ်ဒဏ်တွေကို လျှော့ချဖွယ်ရှိနေတယ်လို့ ရွှေပြောင်း အလုပ်သမားအရေးလုပ်ဆောင်သူတွေကပြောပါတယ်။

ထိုင်း အစိုးရ ဟာ တရားမဝင်ရွှေပြောင်း အလုပ်သမားခန့်တဲ့သူတွေကို ဒဏ်ငွေအဖြစ် ထိုင်းဘတ် ၄ သိန်းနဲ့ ၈ သိန်းကြား ချမှတ်မှုကနေ လျှော့ချပေးသွားမယ်လို့ရွှေပြောင်း အလုပ်သမားအရေးလုပ်ကိုင်သူတွေကပြောပါတယ်။

တရားဝင်အထောက်ထားမရှိဘဲအလုပ် လုပ်နေတဲ့အလုပ်သမားတွေကိုလည်း ပြစ်ဒဏ် ၅ နှစ် ချဖို့ သတ်မှတ်ထားရာကနေ ပြစ်ဒဏ် ၁ နှစ် ပြောင်းလဲချမှတ်ဖွယ်ရှိနေပါတယ်။

?bph6