
0
731





>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိုးကြိုးပစ် ၊လျှပ်စစ်စီးလက်မှုတွေကြောင့် ရဝမ်ဒါမှာ လူ ၁၆ ဦးသေဆုံး
ရဝမ်ဒါနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ခဲ့တဲ့လျှစ်စီးလက်၊ မိုးကြိုးပစ် မှုတွေကြောင့် လူပေါင်း ၁၆ ဦးသေဆုံးသွားခဲ့ရတယ်လို့ဒေသခံမီဒီယာတွေကဖော်ပြပါတယ်။
ရဝမ်ဒါနိုင်ငံ Seventh-Day Adventist ဘုရားကျောင်းမှာ လျှစ်စီးလက်၊ မိုးကြိုးပစ်မှုတွေဖြစ်ခဲ့ချိန်မှာ လူတွေ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ရဝမ်ဒါအစိုးရ အရာရှိတွေကပြောပါတယ်။
ဒါအပြင် လျှစ်စီးလက် ၊ မိုးခြိမ်းမှုတွေကြောင့်လူပေါင်း ၁၄၀ ဦး ဆေးရုံတင်ပို့ခဲ့ရပြီး ဒဏ်ရာရသူတွေရှိခဲ့ရာအ ချို့ က စိုးရိမ်ရတဲ့အခြေနေမျိုးရှိတယ်လို့ဒေသခံတွေကပြောပါတယ်။
မိုးကြိုးပစ်ပြီး လျှပ်စစ်စီးလက်ချိန်မှာ လူ ၁၄ ဦးက ချက်ခြင်းသေဆုံးခဲ့ပြီးအခြား နှစ်ဦးက ဒဏ်ရာရပြီးနောက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

?bph6