ဝက္သက္ေရာဂါ ျဖစ္ေနတဲ့ ကေလးငယ္ေတြ႔လို႔ ကြင္းစလန္မွာ တပ္လွန္႔

0
849

လူစည္ကားတဲ့ ေစ်းဝယ္စင္တာ တစ္ခုကို သြားေရာက္ၿပီးေနာက္ ဝက္သက္ေရာဂါ ကူးစက္ခံရတဲ့ ကေလးငယ္ ေယာက်္ားေလးတစ္ဦးကို ေတြ႔ရွိတဲ့အတြက္ ၾသစေၾတးလ်ႏိုင္ငံ၊ ကြင္းစလန္ က်န္းမာေရး အရာရွိေတြက သတိေပး တပ္လွန္႔လိုက္ပါတယ္။

ကြင္းစလန္ျပည္နယ္မွာ ဒီႏွစ္အတြင္း ဝက္သက္ေရာဂါလို႔ အတည္ျပဳႏိုင္တဲ့ ပထမဆံုး ျဖစ္ပြားမႈ ျဖစ္ပါတယ္။ ကေလးငယ္ သြားေရာက္ခဲ့ရာ ေနရာေတြျဖစ္တဲ့ ရြန္ကြန္း ပလာဇာ မိသားစု ေဆးခန္း၊ ဝက္စ္ဖီးလ္ ေနာ့သ္လိတ္ခ္ ေရွာ့ပင္းစင္တာနဲ႔ ေလဒီ စီလန္တို ကေလးေဆး႐ံု အေရးေပၚဌာနတို႔ကို ေရာက္ရွိ၊ သြားလာခဲ့သူေတြ အေနနဲ႔ ဝက္သက္ေရာဂါ လကၡဏာကို ေစာင့္ၾကည့္ စစ္ေဆးၾကဖို႔ ျပည္သူ႔က်န္းမာေရး သမားေတာ္ မီဂန္ ယန္းက သတိေပးထားပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ဆစ္ဒနီမွာ ဝက္သက္ ေရာဂါ ျဖစ္ပြားသူ ၂၃ ဦး ရွိခဲ့ပါတယ္။ ကြင္းစလန္မွာေတာ့ ဝက္သက္ျဖစ္ပြားဖူးတဲ့ ေနာက္ဆံုးအႀကိမ္က ၂၀၁၄ ခုႏွစ္မွာ ျဖစ္ၿပီး ၅ ဦး ကူးစက္ခံရကာ ကူးစက္သူ အားလံုးဟာ ဖိလစ္ပိုင္ ႏိုင္ငံသားေတြ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝက်သက်ရောဂါ ဖြစ်နေတဲ့ ကလေးငယ်တွေ့လို့ ကွင်းစလန်မှာ တပ်လှန့်

လူစည်ကားတဲ့ ဈေးဝယ်စင်တာ တစ်ခုကို သွားရောက်ပြီးနောက် ဝက်သက်ရောဂါ ကူးစက်ခံရတဲ့ ကလေးငယ် ယောကျာ်းလေးတစ်ဦးကို တွေ့ရှိတဲ့အတွက် သြစတြေးလျနိုင်ငံ၊ ကွင်းစလန် ကျန်းမာရေး အရာရှိတွေက သတိပေး တပ်လှန့်လိုက်ပါတယ်။

ကွင်းစလန်ပြည်နယ်မှာ ဒီနှစ်အတွင်း ဝက်သက်ရောဂါလို့ အတည်ပြုနိုင်တဲ့ ပထမဆုံး ဖြစ်ပွားမှု ဖြစ်ပါတယ်။ ကလေးငယ် သွားရောက်ခဲ့ရာ နေရာတွေဖြစ်တဲ့ ရွန်ကွန်း ပလာဇာ မိသားစု ဆေးခန်း၊ ဝက်စ်ဖီးလ် နော့သ်လိတ်ခ် ရှော့ပင်းစင်တာနဲ့ လေဒီ စီလန်တို ကလေးဆေးရုံ အရေးပေါ်ဌာနတို့ကို ရောက်ရှိ၊ သွားလာခဲ့သူတွေ အနေနဲ့ ဝက်သက်ရောဂါ လက္ခဏာကို စောင့်ကြည့် စစ်ဆေးကြဖို့ ပြည်သူ့ကျန်းမာရေး သမားတော် မီဂန် ယန်းက သတိပေးထားပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ဆစ်ဒနီမှာ ဝက်သက် ရောဂါ ဖြစ်ပွားသူ ၂၃ ဦး ရှိခဲ့ပါတယ်။ ကွင်းစလန်မှာတော့ ဝက်သက်ဖြစ်ပွားဖူးတဲ့ နောက်ဆုံးအကြိမ်က ၂၀၁၄ ခုနှစ်မှာ ဖြစ်ပြီး ၅ ဦး ကူးစက်ခံရကာ ကူးစက်သူ အားလုံးဟာ ဖိလစ်ပိုင် နိုင်ငံသားတွေ ဖြစ်ပါတယ်။

?bph6