ေဆာင္းရာသီ အုိလံပစ္ ပိတ္ပြဲ အခမ္းအနားကို ေျမာက္ကိုရီးယား ကိုယ္စားလွယ္အဖြဲ႔ တက္မယ္

0
881

ေတာင္ကိုရီးယား၊ ၿပံဳခ်မ္း ေဆာင္းရာသီ အုိလံပစ္ၿပိဳင္ပြဲ ပိတ္ပြဲ အခမ္းနားကို ေျမာက္ကိုရီးယားႏုိင္ငံက  ကိုယ္စားလွယ္အဖြဲ႔ ေစလႊတ္မွာ ျဖစ္တယ္လုိ႔ ေတာင္ကိုရီးယား အာဏာပုိင္ေတြက ေျပာပါတယ္။     

အုိလံပစ္ၿပိဳင္ပြဲ ပိတ္ပြဲ အခမ္းနားကို ေျမာက္ကိုရီးယား အလုပ္သမားပါတီ ဗဟိုေကာ္မတီ ဒုတိယ ဥကၠ႒  ကင္ယမ္ခ်ိဳက ေျမာက္ကိုရီးယား ကုိယ္စားလွယ္အဖြဲ႔ကို ဦးေဆာင္ တက္ေရာက္မွာ ျဖစ္ပါတယ္။ ကင္ဟာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏုိင္ငံက တစ္ဦးခ်င္း ပိတ္ပင္ထားတဲ့ ေျမာက္ကိုရီးယား ေခါင္းေဆာင္ေတြထဲမွာ ပါဝင္သူ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံက ေတာင္ကိုရီးယားမွာ က်င္းပတဲ့ ေဆာင္းရာသီ အုိလံပစ္ၿပိဳင္ပြဲ ဖြင့္ပြဲကို တက္ေရာက္ခဲ့သလုိ ကစားသမားေတြလည္း ေစလႊတ္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ေျမာက္ကုိရီးယားရဲ႕ ႏ်ဴကလီယားနဲ႔ ဒံုးက်ည္ အစီစဥ္ေတြေၾကာင့္ ကိုရီးယားကၽြန္းဆြယ္မွာ တင္းမာမႈေတြ ရွိေနခ်ိန္မွာပဲ ေျမာက္ကိုရီးယားက  ေတာင္ကိုရီးယားဆီ ကစားသမားေတြ ေစလႊတ္ခဲ့လို႔ တင္းမာမႈ ေလွ်ာ့ႏုိင္မယ့္ လကၡဏာအျဖစ္ သံုးသပ္ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆောင်းရာသီ အိုလံပစ် ပိတ်ပွဲ အခမ်းအနားကို မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တက်မယ်

တောင်ကိုရီးယား၊ ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းနားကို မြောက်ကိုရီးယားနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာ ဖြစ်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းနားကို မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကင်ယမ်ချိုက မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် တက်ရောက်မှာ ဖြစ်ပါတယ်။ ကင်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံက တစ်ဦးချင်း ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေထဲမှာ ပါဝင်သူ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားမှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ခဲ့သလို ကစားသမားတွေလည်း စေလွှတ်ယှဉ်ပြိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ဒုံးကျည် အစီစဉ်တွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ရှိနေချိန်မှာပဲ မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ ကစားသမားတွေ စေလွှတ်ခဲ့လို့ တင်းမာမှု လျှော့နိုင်မယ့် လက္ခဏာအဖြစ် သုံးသပ်ကြပါတယ်။