၈ လသား ကေလးကို ႏွိပ္စက္တဲ့ ကေလးထိန္းကို လွ်ိဳ႕ဝွက္ကင္မရာနဲ႔ ေစာင့္ဖမ္း

0
468

ကေလးထိန္းလာတိုင္း ငိုေလ့ရွိတဲ့ ၈ လသားကေလးေၾကာင့္ မိခင္ျဖစ္သူက လွ်ိဳ႕ဝွက္ ကင္မရာ တပ္ဆင္ၿပီး ေစာင့္ၾကည့္ရာမွာ ထိတ္လန္႔ဖြယ္ရာ အျဖစ္ကို ေတြ႔ရွိခဲ့ပါတယ္။

လွ်ိဳ႕ဝွက္ကင္မရာရဲ႕ မွတ္တမ္းတင္ခ်က္အရ ကေလးထိန္းဟာ သူ႔ သားငယ္ရဲ႕ မ်က္ႏွာကို ႐ိုက္တာ၊ လက္တစ္ဖက္တည္းနဲ႔ ဒရြတ္တိုက္ဆြဲၿပီး ၾကမ္းျပင္ေပၚ ပစ္ခ်တာေတြ လုပ္တာကို ေတြ႔ရွိခဲ့ပါတယ္။ ကေလးထိန္း အနတ္စတာရွာ ဇီလ်ာဘိုဗာ (၃၁ ႏွစ္) ဟာ အခု တရားစြဲခံထားရၿပီး ျပစ္မႈထင္ရွားရင္ ေထာင္ ၁၀ ႏွစ္ က်ႏိုင္ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ မိခင္ျဖစ္သူ အယ္လီနာ လီဗန္ဒီဗာက အလုပ္ခန္႔ထားတာ ၂ ပတ္ၾကာၿပီျဖစ္တဲ့ ကေလးထိန္း လာတိုင္း ကေလးက ငိုေလ့ရွိတာကို သတိျပဳမိခဲ့တာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ၿပီးခဲ့တဲ့ ဒီဇင္ဘာမွာ လွ်ိဳ႕ဝွက္ကင္မရာကို တပ္ဆင္ ေစာင့္ဖမ္းရာမွာ အခုလို ႏွိပ္စက္ညဥ္းပမ္းမႈကို သိရွိခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၈ လသား ကလေးကို နှိပ်စက်တဲ့ ကလေးထိန်းကို လျှို့ဝှက်ကင်မရာနဲ့ စောင့်ဖမ်း

ကလေးထိန်းလာတိုင်း ငိုလေ့ရှိတဲ့ ၈ လသားကလေးကြောင့် မိခင်ဖြစ်သူက လျှို့ဝှက် ကင်မရာ တပ်ဆင်ပြီး စောင့်ကြည့်ရာမှာ ထိတ်လန့်ဖွယ်ရာ အဖြစ်ကို တွေ့ရှိခဲ့ပါတယ်။

လျှို့ဝှက်ကင်မရာရဲ့ မှတ်တမ်းတင်ချက်အရ ကလေးထိန်းဟာ သူ့ သားငယ်ရဲ့ မျက်နှာကို ရိုက်တာ၊ လက်တစ်ဖက်တည်းနဲ့ ဒရွတ်တိုက်ဆွဲပြီး ကြမ်းပြင်ပေါ် ပစ်ချတာတွေ လုပ်တာကို တွေ့ရှိခဲ့ပါတယ်။ ကလေးထိန်း အနတ်စတာရှာ ဇီလျာဘိုဗာ (၃၁ နှစ်) ဟာ အခု တရားစွဲခံထားရပြီး ပြစ်မှုထင်ရှားရင် ထောင် ၁၀ နှစ် ကျနိုင်ပါတယ်။

အသက် ၂၆ နှစ်အရွယ် မိခင်ဖြစ်သူ အယ်လီနာ လီဗန်ဒီဗာက အလုပ်ခန့်ထားတာ ၂ ပတ်ကြာပြီဖြစ်တဲ့ ကလေးထိန်း လာတိုင်း ကလေးက ငိုလေ့ရှိတာကို သတိပြုမိခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ လျှို့ဝှက်ကင်မရာကို တပ်ဆင် စောင့်ဖမ်းရာမှာ အခုလို နှိပ်စက်ညဉ်းပမ်းမှုကို သိရှိခဲ့တာ ဖြစ်ပါတယ်။

?bph6