ေတာင္အာဖရိက သမၼတ ဇူးမား ႏုတ္ထြက္

0
198

ေတာင္အာရိက သမၼတ ဂ်က္ေကာ့ ဇူးမား မေန႔က ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔ ညေနပိုင္းမွာ ႏုိင္ငံကို ႐ုပ္သံကေန မိန္႔ခြန္းေျပာၿပီးေနာက္ သမၼတ ရာထူးက ႏုတ္ထြက္တဲ့အေၾကာင္းကို ေၾကညာသြားခဲ့ပါတယ္။

ဇူးမားရဲ႕ အာဏာပါတီ ANC က သမၼတ ရာထူးက ႏုတ္ထြက္ဖုိ႔ ဒါမွမဟုတ္ လႊတ္ေတာ္အတြင္း အယံုအၾကည္မရွိ အဆုိနဲ႔ မဲခြဲဆံုးျဖတ္ဖုိ႔ စီစဥ္မူေတြ ရွိေနခဲ့ခ်ိန္မွာ အခုလို ရာထူးက ႏုတ္ထြက္သြားခဲ့တာ ျဖစ္ပါတယ္။ ဇူးမားဟာ အက်င့္ပ်က္လာဘ္စားမႈ စြဲခ်က္မ်ိဳးစံုနဲ႔ ရင္ဆုိင္ခဲ့ရၿပီးေနာက္ ဖိအားေတြေၾကာင့္ ပါတီကေနေရာ ရာထူးကပါ ႏုတ္ထြက္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၇၅ ႏွစ္အရြယ္ရွိ ဇူးမားဟာ သမၼတရာထူးကို ANC ပါတီေခါင္းေဆာင္သစ္ ျဖစ္လာႏုိင္တဲ့ ဒုတိယ သမၼတ ဆိုင္ေရးလ္ ရမ္မာဖိုဆာက ဆက္ခံဖြယ္ရွိပါတယ္။ ဇူးမားက အၾကမ္းဖက္မႈေတြ၊ သေဘာထား ကြဲလြဲမႈေတြဟာ ရာထူးက ႏုတ္ထြက္ေစခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်အာဖရိက သမ္မတ ဇူးမား နုတ်ထွက်

တောင်အာရိက သမ္မတ ဂျက်ကော့ ဇူးမား မနေ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းမှာ နိုင်ငံကို ရုပ်သံကနေ မိန့်ခွန်းပြောပြီးနောက် သမ္မတ ရာထူးက နုတ်ထွက်တဲ့အကြောင်းကို ကြေညာသွားခဲ့ပါတယ်။

ဇူးမားရဲ့ အာဏာပါတီ ANC က သမ္မတ ရာထူးက နုတ်ထွက်ဖို့ ဒါမှမဟုတ် လွှတ်တော်အတွင်း အယုံအကြည်မရှိ အဆိုနဲ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်မူတွေ ရှိနေခဲ့ချိန်မှာ အခုလို ရာထူးက နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဇူးမားဟာ အကျင့်ပျက်လာဘ်စားမှု စွဲချက်မျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ဖိအားတွေကြောင့် ပါတီကနေရော ရာထူးကပါ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ်ရှိ ဇူးမားဟာ သမ္မတရာထူးကို ANC ပါတီခေါင်းဆောင်သစ် ဖြစ်လာနိုင်တဲ့ ဒုတိယ သမ္မတ ဆိုင်ရေးလ် ရမ်မာဖိုဆာက ဆက်ခံဖွယ်ရှိပါတယ်။ ဇူးမားက အကြမ်းဖက်မှုတွေ၊ သဘောထား ကွဲလွဲမှုတွေဟာ ရာထူးက နုတ်ထွက်စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။